မန္တလေး သစ်စက် မီးလောင်မှု Level 2 အဆင့်ဖြင့် ငြိမ်းသတ်ခဲ့ရ

0
632

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မတ်လ ၁၄ ရက် ညဦးပိုင်းက သစ်စက် မီးလောင်မှုဖြစ်ပွားခဲ့ပြီး Level 2 အဆင့်ဖြင့် ငြိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်၊ ၆၂×၆၈ လမ်းကြား၊ ၁၂၅ (မင်္ဂလာကန်လမ်း)ရှိ A5 သစ်အချောထည်စက်ရုံတွင် ၁၂ နာရီ ၄ မိနစ်ခန့်မှစ၍ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

” မီးလောင်မှုဖြစ်စဉ်နဲ့ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးပဲ ရှိပါသေးတယ်၊ လူထိခိုက် ဒဏ်ရာရရှိမှုမရှိပါဘူး” ဟု မန္တလေးဗဟိုမီးသတ်ဌာနမှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

အဆိုပါ သစ်စက်မီးလောင်မှုတွင် မီးများသည့်အတွက် Level 2 အုပ်စုများဖြင့်ပါ ငြှိမ်းသတ်ခဲ့ရပြီး ရေဘောက်ဆာကား ၃၅ စီးကျော် အသုံးပြုခဲ့ရကာ ၁၂ နာရီ ၃၃ အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၂ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

Photo – Than Htay


LEAVE A REPLY

Please enter your comment!
Please enter your name here