ရှီကျင့်ဖိန် ပူတင်နှင့် တွေ့မည်၊ ဇလန်းစကီးနှင့်လည်း ဖုန်းပြောမည်

0
177

တရုတ်သမ္မတ ရှီကျင့်ဖိန် သည် လာမည့်သီတင်းပတ်အစောပိုင်းတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံရန်အတွက် မော်စကိုသို့ သွားရောက်ရန် စီစဉ်နေကြောင်း Reuters နှင့် Wall Street Journal တို့က ဖော်ပြခဲ့သည်။

ရှီသည် ယူကရိန်းခေါင်းဆောင် ဇလန်းစကီးနှင့်လည်း ဖုန်းဖြင့် စကားပြောဆိုရန် စီစဉ်နေကြောင်း အမေရိကန်သတင်းစာများက ထည့်သွင်းဖော်ပြခဲ့သည်။ ထိုသို့ ဖုန်းဖြင့် စကားပြောဆိုမှုသည် ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပထမဆုံး လူသိရှင်ကြား တိုက်ရိုက်ဆက်သွယ်ပြောဆိုခြင်းဖြစ်သည်ဟုလည်း အမေရိကန်သတင်းစာများကဆိုသည်။

ရှီသည် မတ် ၂၁ ရက်တွင် ရုရှားနိုင်ငံ မော်စကိုမြို့တော်သို့ ရောက်ရှိမည်ဆိုသော သတင်းများနှင့် ပတ်သက်၍ ရုရှားအစိုးရဖက်မှ မည်သို့မျှ မှတ်ချက်မပေးချေ။

ဇလန်းစကီး၏ ပြောခွင့်ရပုဂ္ဂိုလ် Sergii Nikoforov ကမူ ငြင်းဆိုခြင်းမပြုသလို၊ အတည်ပြုချက်လည်း မပေးပါ။ “ကျွန်တော့်မှာ နောက်ထပ် အချက်အလက်တွေ မရရှိသေးပါဘူး”ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။

တတိယငါးနှစ်သမ္မတသက်တမ်းကို လွန်ခဲ့သည့်အပတ်က စတင်ခဲ့သည့် ရှီ သည် ပူတင်အား ၎င်း၏ “မိတ်ဆွေဟောင်း” ဟု ကာလရှည်ကြာ မှတ်ယူခဲ့ပြီး ယူကရိန်းကိုစစ်ပွဲမဆင်နွှဲမီကတည်းက ပူတင်အား အကန့်အသတ်မရှိ မိတ်ဖက်အဖြစ် သတ်မှတ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here