သမိုင်းခုံးကျော်တံတားအဆင်းတွင် ကား ၂ စီးတိုက် ၁ စီးတိမ်းမှောက် အမျိုးသား ၁ ဦးဒဏ်ရာရ

0
121

ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ်၊အမှတ်(၂)ရပ် ကွက်ရှိ သမိုင်းခုံးကျော်တံတားအဆင်းတွင် မတ် ၁၃ ရက်ညက ကား ၂ စီးတိုက်ပြီး ၁ စီးတိမ်းမှောက်ကာ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရွှေရောင်သမိုင်းအသင်းမှ သိရသည်။

ယမန်နေ့ည ၉ နာရီ ၂၀ မိနစ်ခန့်က မရမ်းကုန်းမြို့ နယ်၊အမှတ်(၂)ရပ်ကွက်၊သမိုင်းဘူတာရုံလမ်းမပေါ်ရှိ သမိုင်းခုံးကျော်တံတားအဆင်းတွင် ကား ၂ စီးတိုက်မိပြီး ၁ စီးတိမ်းမှောက်ခဲ့သည်ဟု သိရသည်။

ထို့ကြောင့် ရွှေရောင်သမိုင်းအသင်းမှ ကူညီကယ် ဆယ်ရန်သွားရောက်ခဲ့ကြပြီး ဖြစ်စဥ်ကြောင့် အ မျိုးသားတစ်ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့၍ မြေပြင်ကုသမှုများပြုလုပ်ပေးခဲ့ကြပြီးနောက် အင်းစိန်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“တစ်စီးပဲမှောက်သွားတာ ကျန်တဲ့တစ်စီးကဒီအတိုင်းပဲ မှောက်သွားတဲ့ကားပေါ်က အမျိုးသားတစ်ယောက်ဒဏ်ရာရတယ် မစိုးရိမ်ရပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here