မြိတ်ခရိုင်ရှိ အိမ်ထောင်စုလူဦးရေစာရင်းများအား eID Main Server အတွင်း ပြင်ဆင်/ဖြည့် စွက်ထည့်သွင်းမှု ၈၅ ရာခိုင်နှုန်းကျော်ပြီးစီး

0
155

တနင်္သာရီတိုင်း၊မြိတ်ခရိုင်ရှိ အိမ်ထောင်စုလူဦးရေစာရင်းများအား eID Main Server အတွင်း ပြင်ဆင်/ဖြည့်စွက်ထည့်သွင်းမှု ၈၅ ဒသမ ၈၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မြိတ်ခရိုင်ဦးစီးမှူးရုံးမှ သိရသည်။

မြိတ်ခရိုင်ရှိ အိမ်ထောင်စုလူဦးရေစာရင်းအား မြို့ နယ်များအလိုက် စာရင်းကောက်အဖွဲ့များက မြေပြင်ကွင်းဆင်းကောက်ယူခဲ့ခြင်းဖြစ်ပြီး အိမ်ထောင်စု ၁၉၃၄၄၂ စုအား ကောက်ယူခဲ့ပြီးဖြစ်သည်။

မြိတ်မြို့နယ်နှင့်ကျွန်းစုမြို့နယ်တို့တွင် အိမ်ထောင်စုလူဦးရေစာရင်းကောက်ယူမှုမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ပြီး ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်များတွင်သာ ကောက်ယူရန်ကျန်ရှိတော့ကြောင်း သိရသည်။

ကောက်ယူရရှိသည့် အိမ်ထောင်စုလူဦးရေစာရင်းများအား မြို့နယ်အလိုက် eID Main Server အ တွင်းသို့ ပြင်ဆင်/ဖြည့်စွက်ထည့်သွင်းမှုအား ဖေဖော်ဝါရီ ၁ ရက်မှမတ် ၁၂ ရက်အထိပြုလုပ်ခဲ့ရာ အိမ်ထောင်စုပေါင်း ၁၅၈၈၅၃ စုအားထည့်သွင်းပြီးဖြစ်ကြောင်း သိရသည်။

အိမ်ထောင်စုလူဦးရေစာရင်းများအား eID Main Server အတွင်းသို့ ပြင်ဆင်/ဖြည့်စွက်ထည့်သွင်းမှုအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးများမှ ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများဖြင့် ရေးသွင်းဆောင်ရွက်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here