ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်သော်မှ ရုရှားနိုင်ငံ၊ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ ညွှန်ကြားရေးမှူး Mr. Alexander Sergeevich Shatirov အား မတ် ၁၃ ရက်နံနက်က လက်ခံတွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။
“Welcome Russia Program in Myanmar” အစီအစဉ်အားရေးဆွဲလျက်ရှိပြီး ပြီးပြည့်စုံသော Package Tour ရေးဆွဲ၍ ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနသို့ ပေးပို့သွားမည်ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။
မြန်မာ-ရုရှား နှစ်နိုင်ငံတိုက်ရိုက် လေကြောင်းလိုင်းပျံသန်းပြေးဆွဲရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်လျက်ရှိရာ ဝန်ကြီးဌာနမှ လိုအပ်သည်များကိုဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။
ရုရှားခရီးသွားများ မြန်မာနိုင်ငံသို့ ဝင်ရောက်ရာတွင် ကျန်းမာရေးအာမခံဝယ်ယူရေးအဆင်ပြေလွယ်ကူမှုရှိစေရန် ဆက်စပ်ဌာနများနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကာ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး၏ ဆွေးနွေးအကြံပြုချက်များကို ရုရှားခရီးသွားများအားကြိုဆိုမည့်အစီအစဉ်တွင် ထည့်သွင်းသွားမည်ဖြစ်ပြီး နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရန် ကူညီဆောင်ရွက်ပေးစေလိုသည်ဟု ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားခဲ့သည်။
ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူးမှလည်း ရုရှားခရီးသွားများလာရောက်လည်ပတ်နိုင်ရန် ရုရှားနိုင်ငံ၊စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့်မြန်မာနိုင်ငံ၊ဟို တယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့ပူးပေါင်း ၍ ရုရှားခရီးသွားများအတွက် တည်းခိုသွားလာလည်ပတ်မှု၊စားသောက်မှုများအပါအဝင် ပြီး ပြည့်စုံသော Package Tour အစီအစဉ်များအား ရေးဆွဲပံ့ပိုးပေးစေလိသည်ဟု ဆွေးနွေးပြောကြားခဲ့သည်။
ရော့စ်ကွန်ဂရက်အဖွဲ့အနေဖြင့်လည်း နှစ်နိုင်ငံခ ရီးသွားကဏ္ဍတိုးတက်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအကြောင်းမြှင့်တင် ဆောင်ရွက်နိုင်ရေးကို ပံ့ပိုးကူညီပေးသွားမည်ဟု ဆွေးနွေးပြောကြားခဲ့သည်။