ရှမ်းနီ(တိုင်းလျန်) သွေးစည်း ညီညွတ်ရေးပါတီ နှင့် လူထုပါတီ တို့ကပါတီမှတ်ပုံတင်လျှောက်ထား

0
255

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ [Shan-Ni Solidarity Party (S.S.P)] နှင့် လူထုပါတီ (The Party for People) တို့ကပါတီမှတ်ပုံတင်လာရောက်လျှောက်ထားခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်မှ အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ ပါတီနှစ်ခုသည်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့  လာရောက်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၆ ပါတီရှိပြီး၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ လျှောက်ထားသော ပါတီ ၁၅ ပါတီဖြစ်၍ စုစုပေါင်း ၂၁ ပါတီဖြစ်သည်။

ယင်း ၂၁ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၅ ပါတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီ ၁၆ ပါတီဖြစ်ပြီး၊ အဆိုပါ ပါတီများကို တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

လက်ရှိတွင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ ( MPD)၊ ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party)၊ ပအိုဝ်းအမျိုးသားအဖွဲချုပ် (PNO) ၊ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ၊ ဒီမိုကရေစီပါတီသစ်(ကချင်) ၊ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ပြည်သူ့အင်အားပါတီ၊ဝံသာနုပါတီ၊ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ၊ဒီမိုကရက်တစ်ပါတီ၊ လီဆူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)၊တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံဖြိုးတိုးတက်ရေပါတီ၊ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ [Shan-Ni Solidarity Party (S.S.P)] နှင့် လူထုပါတီ (The Party for People) တို့က နိုင်ငံ​ရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ကို​လျောက်ထားသည့်ပါတီများဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here