တန်ခူးမှာမြန်မာ့ကော်ဖီ မြူးကြွစွာ ပြည်ပနိုင်ငံများသို့​ခြေဆန့်မည်

0
277

မြန်မာ့ကော်ဖီကို အမေရိကန်၊ နယ်သာလန်၊ပြင်သစ်နှင့် ဂျပန် အပါအဝင် ပြည်ပနိုင်ငံများသို့ တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းက သိရသည်။

ယခုနှစ် ကော်ဖီရာသီတွင် ဈေးနှုန်း ကောင်းမွန်နေပြီး ပြည်ပနိုင်ငံသို့တင်ပို့ရာတွင် အထူးတန်းဝင် ကော်ဖီများကို လာမည့် ဧပြီလနှင့် ​မေလမှစတင်ပြီး တင်ပို့သွားမည်ဖြစ်သည်။

ပြင်ဦးလွင်နှင့် နောင်ချိုဘက်မှ တန် ၁၀၀ တင်ပို့နိုင်မည်ဟု မျှော်မှန်းထားကြောင်း၊ ယခု ၂၀၂၃ ခုနှစ်ရာသီတွင် ကော်ဖီသီးအမှည့်တစ်ပိဿာလျှင် မြန်မာကျပ်ငွေ ၃၅၀၀ မှအမြင့်ဆုံး ၃၈၀၀ ကျပ်အထိရရှိပြီး  Export Specialty Quality ကော်ဖီစေ့ (Green Bean) ကုန်ချော တင်ပို့ပါကတစ်တန်လျှင် ဒေါ်လာ ၈၈၀၀ အမြင့်ဆုံး​စျေးရရှိကြောင်း ကော်ဖီအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

“ကုန်ကြမ်းနဲ့ကုန်​ချောစျေးကွာတာကစရိတ်​တွေကွာတယ်၊ ကြားထဲက လုပ်ငန်းစဥ်​တွေမှာ အဆုံးရှုံး၊အ​လေအလွင့်​တွေရှိတယ်။အဲ့ဒါ​ကြောင့်​စျေးကွာသလိုဖြစ်​နေတာ”ဟု ​ကော်ဖီ တင်ပို့သူတစ်ဦးကဆိုသည်။ 

ပြီးခဲ့သည့် နှစ်တွင် ပြည်ပသို့ ကော်ဖီတန်ချိန် ၁၅၀၀ ကျော်လောက် တင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ဧက ၃ သောင်းကျော်ရှိပြီး ရှမ်းပြည်နယ်တွင် အများဆုံး စိုက်ပျိုးကာ မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်လည်း စိုက်ပျိုးကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here