မြေသယ်ကားက ဘုရားမုခ်ဦးကိုဝင်တိုက်မိရာ ကားပေါ်သို့မုခ်ဦးပြိုကျ၍ ကားမောင်းသူသေဆုံး

0
331

တနင်္သာရီတိုင်း၊မြိတ်မြို့နယ်၊ကျောက်ဖျာကျေးရွာရှိ ရှင်ကဇိန်းဘုရားမုခ်ဦးအား မြေသယ်ကားက မတ် ၁၃ ရက်ညနေက ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဖြူစင်မေတ္တာပရဟိတအသင်းမှ သိရသည်။

ယမန်နေ့ညနေ ၄ နာရီကျော်ခန့်က ကျွန်းစုမြို့နယ်၊ကတ်တလူကျေးရွာနေ ကိုချမ်းငြိမ်းအောင် (၂၅)နှစ်ခန့်သည် ရှင်ကဇိန်းဘုရားဝင်းအတွင်း မြေများချပြီးနောက်ကိုယ်ထည်ဂျိုက်မချဘဲ ပြန်ထွက်လာရာမြေသယ်ကားနောက်ကိုယ်ထည်နှင့်ဘုရားမုခ်ဦးအား ဝင်တိုက်မိခဲ့သည်။

ဘုရားမုခ်ဦးမှာပြိုကျသွားခဲ့ပြီး မြေသယ်ကားခေါင်းပိုင်းပေါ်သို့ပိမိသွားခဲ့သဖြင့် ကိုချမ်းငြိမ်းအောင်မှာ ထိခိုက်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သည်။

“နောက်ကိုယ်ထည်က ဂျိုက်ကိုပြန်မချဘဲမောင်းလာတဲ့အချိန် ဘုရားမုခ်ဦးနဲ့ငြိသွားတယ်။ မုခ်ဦးကကားခေါင်းပေါ်တည့်တည့်ပြိုကျသွားတာကြောင့် ကားမောင်းတဲ့လူသေဆုံးသွားတာပါ ။ရုပ်အလောင်းက ကွန်ကရစ်တုံးတွေနဲ့ပိနေတော့ နာရီ ဝက်လောက်ကြအောင် ဆွဲထုတ်ခဲ့ရပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ သေဆုံးသူ၏ရုပ်အလောင်းအား ဖြူစင်မေတ္တာပရဟိတအသင်းကားဖြင့် ဆေးရုံသို့ပို့ ဆောင်ပေးခဲ့ပြီးနောက် တာဝန်ရှိသူများ၏စစ် ဆေးမှုပြီးနောက် နေအိမ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here