ကမ္ဘာ့ရွှေဈေးဆက်လက်မြင့်တက်လာ၊ ပြည်တွင်းရွှေစျေးဝယ်လိုအားမရှိသည့်အတွက် သိပ်မတက်နိုင်ဟုဆို

0
157

ယမန်နေ့ထက် ကမ္ဘာ့ရွှေဈေးမှာပိုမိုမြင့်တက်လာသော်လည်း ပြည်တွင်းရှိရွှေစျေးနှုန်းမှာ ဝယ်လိုအားမရှိသည့်အတွက် စျေးသိပ်မတက်နိုင်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)မှ သိရသည်။

“သူက ကမ္ဘာ့ရွှေဈေးတတ်လို့သာ တက်နေတာ။ ပြည်တွင်းမှာက အများကြီးမတက်နိုင်ဘူး။ ရွှေထွက်တယ့်နေရာတွေကလည်း လှိုင်လှိုင်ထွက်နေပြီ။ ဝယ်လိုအားကမရှိဘူး”ဟုရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးမျိုးမြင့်က ပြောသည်။

ယနေ့ မတ်လ ၁၄ ရက်နေ့ ရွှေအဖွင့်ဈေး ၂၂၄၃၆၀၀ ကျပ်ထိ မြင့်တက်လာကြောင်း YGEA ကထုတ်ပြန်ထားသည်။ ယင်းအပြင်ကမ္ဘာ့ရွှေဈေးမှာလည်း တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၁၂ ကျပ်ဖြစ်ပြီး ယမန်နေ့ထက်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

အမေရိကန်ရှိ Signature Bank ပိတ်သိမ်းသွားမှုကြောင့် ရွှေစျေးကွက်အပေါ် ရိုက်ခတ်လာခြင်းလည်းဖြစ်သည်။

ပြင်ပရွှေဈေးကွက်အတွင်း  အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂၈၇၀၀၀၀ ကျော်ရှိခဲ့ပြီး ရက်ပိုင်းအတွင်း ကျပ်သုံးသောင်းကျော်မှ လေးသောင်းဝန်းကျင်အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here