ပဲခူး ရွှေမော်ဓောဘုရား ပွဲတော်အား မတ် ၃၀ ရက်တွင်စတင်ကျင်းပမည်

0
393

ပဲခူးတိုင်း၊ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ၂၆၀၅ နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား မတ် ၃၀ ရက်မှစတင်၍ ဧပြီ ၈ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲမင်္ဂလာအခမ်းအနားအား မတ် ၃၀ ရက်ညနေ ၄ နာရီတွင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဩဝါဒဆရာတော်ကြီးများအား အမှူးထား၍ဖွင့်လှစ်သွားမည်ဖြစ်သည်။

ဧပြီ ၃ ရက်နံနက် ၅ နာရီ၌ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား အနေကဇာတင်၍ တစ်နေ့တာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကာ ဧပြီ ၄ ရက် (တန်ခူးလပြည့်)နေ့နံနက် ၅ နာရီတွင် ဆွမ်းတော်ကြီးတင်လှူပူဇော်ခြင်း၊နေ့လည် ၃ နာရီ၌ ပင့်သံဃာတော်အပါး ၅၀၀ အား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ခြင်းများပြုလုပ်သွားမည်ဖြစ်သည်။

ထို့ပြင် ဧပြီ ၉ ရက်နံနက် ၆ နာရီ၌ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဩဝါဒဆရာတော်ကြီးများမှ လှူဒါန်းမှုအစုစုအတွက် အမျှပေးဝေရေ စက်ချ၍ ဗုဒ္ဓပူဇနိယပွဲတော်ပိတ်ပွဲအား ကျင်းပသွားမည်။

ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း စေတီတော်မြတ်ကြီးအား ညလုံးပေါက်မီးပူဇော်ခြင်း၊ဗလာပွဲဖျော်ဖြေခြင်း၊ဈေးဆိုင်တန်းများ၊ပျော်ပွဲရွှင်ပွဲများအား ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။

ပဲခူးဘုရားပွဲနာမည်ကြီးရခြင်းအ​ကြောင်းများထဲတွင် ယခင်က ဇာတ်သဘင်အစုံအပြိုင်ကကြခြင်း၊အား​ပေးသည့်ပရိသတ်ကလည်း ​ဆေးလိပ်ခုံမှ အလုပ်သမ​လေးများက တနှစ်တခါဤပွဲ​တော်ကို​မျှော်ကြခြင်းတို့ကလည်းပြန်​ပြောပြစရာ​ခေတ်ရေစီးကြောင်းများပင်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here