မြန်မာ-ရုရှား နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုမြှင့်တင်နိုင်​ရေး​ဆွေး​နွေး

0
167

နစက ဥက္ကဋ္ဌအား ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့၏ ညွှန်ကြားရေးမှူးSHATIROV Alexander Sergeevich မှ မတ် ၁၄ ရက် (ယနေ့)နေ့လည်ပိုင်းက လာရောက်တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် မြန်မာနိုင်ငံမှတွင်းထွက်နှင့်သဘာဝသယံဇာတပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ်ထုတ်လုပ်နိုင်ရေး၊သဘာဝသယံဇာတများထိန်းသိမ်းနိုင်ရေးအတွက် သုတေသနလုပ် ငန်းများဆောက်ရွက်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၊ရေထွက်ပစ္စည်းများကို ရုရှားနိုင်ငံသို့တင်ပို့နိုင်ရေး၊နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုမြှင့်တင်နိုင်ရေး၊မြန်မာနိုင်ငံမှထွက်ရှိသည့် သစ်တောထွက်ပစ္စည်းများအား နည်းပညာအသုံးပြု၍ အဆင့်မြင့်ပရိဘောဂပစ္စည်းများ၊အသုံးအဆောင်ပစ္စည်းများထုတ်လုပ်နိုင်ရေး၊စက္ကူပျော့ဖတ်များ ထုတ်လုပ်နိုင်မှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာ-ရုရှား နှစ်နိုင်ငံတိုက်ရိုက်လေကြောင်းပို့ဆောင်ရေးနှင့်ခရီးသွားကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက်ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏သယ်ယူပို့ဆောင်ရေးကဏ္ဍ မြှင့်တင်ရေးအတွက် ရုရှားနိုင်ငံမှ သုတေသနပြုဆောင်ရွက်ပေးရေး၊မြန်မာနိုင်ငံသို့ ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်နိုင်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။

မြန်မာ-ရုရှား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်ပူး ပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ရေးနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဥ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နစက တွဲဖက် အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်၊ ရုရှားနိုင်ငံ၊ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ကိုယ်စား လှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here