ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(UNDP)မှပါတီမှတ်ပုံတင်လာရောက်လျှောက်ထား

0
187

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်လိုသော ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(UNDP)မှမှတ်ပုံတင်လာရောက်လျှောက်ထားခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်မှ အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ ပါတီနှစ်ခုသည် ယမန်နေ့ (မတ်လ ၁၄)ရက်နေ့တွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လာရောက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ယနေ့အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၆ ပါတီရှိပြီး၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ လျှောက်ထားသော ပါတီ ၁၇ ပါတီဖြစ်၍ စုစုပေါင်း ၂၃ ပါတီဖြစ်ကြောင်း သိရသည်။

ယင်း ၂၃ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၅ ပါတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီ ၁၈ ပါတီဖြစ်ပြီး၊ အဆိုပါ ပါတီများကို တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်တွင် နိုင်ငံရေးပါတီများပြန်လည်မှတ်ပုံတင်ရန် ကြေညာထားပြီး အချိန် ၂ လပေးထားကြောင်း၊ယင်းအ​ပြင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားသည့်ပါတီမှာ ဖေဖော်ဝါရီ ၁ ရက်မှ ၁၄ ရက်အထိ စုစုပေါင်း၂၃ ပါတီရှိပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here