လျှပ်စစ်သုံးယာဥ်များ ကနဦးမှတ်ပုံတင်ရန် ယာဥ်အိုယာဥ်ဟောင်းအပ်နှံစလစ်လိုအပ်

0
220

လျှပ်စစ်သုံးယာဉ်(BEVs)များ ကနဦးမှတ်ပုံတင်ရာတွင် ယခင်ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ညှိနှိုင်းချက်အရ ၂၀၁၈ ခုနှစ်၊ဖေဖော်ဝါရီလဆန်းမှစ၍ ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းလိုင်စင်ဖြင့် ယာဉ်အိုယာဉ်ဟောင်းအပ်နှံသော မော်တော်ယာဉ်များကိုသာ ရန်ကုန်လိုင်စင်ထုတ်ပေးရန် ညွှန်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ပြင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ လျှပ်စစ်သုံးယာဉ်(BEVs)များအား တည်ဆဲဥပဒေ၊နည်းဥပဒေများ၊ရုံးအမိန့်၊ညွှန်ကြားချက်များ၊လုပ်ထုံးလုပ်နည်းများနှင့်အညီ ကနဦးမှတ်ပုံတင်ပေးသွားမည်ဟု အသိပေးခဲ့သည်။

လက်ရှိအချိန်၌ ရန်ကုန်တိုင်းနှင့်နေပြည်တော်တို့၌ လျှပ်စစ်သုံးယာဥ်(BEVs)ကားများ ရောက်ရှိနေပြီဖြစ်ကာ EV Charging Station များအား Pilot Project အနေဖြင့် ရန်ကုန်၊နေပြည်တော်၊မန္တလေးနှင့်ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တို့တွင်လည်းတည်ဆောက်လျက်ရှိပြီး မတ်လကုန်တွင် အပြီးတည်ဆောက်ရန်ညွှန်ကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here