မတ်လ ၁၉ ရက်မှ မတ်လ၂၄ ရက်အတွင်းအချိန်အခါမဟုတ် မိုးရွာမည်

0
127

အနောက်ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်း မတ်လ ၁၉ ရက်မှ မတ်လ၂၄ ရက်အတွင်း အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှနေရာကျဲကျဲ မိုးရွာနိုင်ကြောင်း ဖော်ပြထားသည်။

ယင်းကြောင့် ပြည်သူများအနေဖြင့် မိုးတိမ်တောင်များဖြစ်ထွန်းခြင်း၊ အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ  ဖြစ်ပေါ်နိုင်သည့်အတွက် ကြိုတင်သတိပြုနိုင်ရန် အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here