ပြင်ဦးလွင်မြို့ရှောင်လမ်းတွင် ဆိုင်ကယ်နှင့်ကားတိုက်မှုဖြစ်ပွား၊ ဆိုင်ကယ်မောင်းနှင်သူ နေရာတွင်ပင်သေဆုံးပြီး ကားမှာမောင်းပြေးသွား

0
198

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှောင်လမ်းတွင် ယနေ့ (မတ်လ ၁၅ ရက်) နံနက်ပိုင်းကဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ နေရာတွင်ပင်သေဆုံးသွားကြောင်း သိရသည်။

ပြင်ဦးလွင်မြို့ရှောင်လမ်းတွင် ယနေ့ နံနက် (၉) နာရီအချိန်ခန့်က ဆိုင်ကယ်နှင့်ကားတိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်သမားမှာ ဦးခေါင်းပြင်းထန်ဒဏ်ရာဖြင့်နေရာမှာပင်သေဆုံးသွားခဲ့သည်။

” ဘယ်လိုပုံစံမျိုးနဲ့ တိုက်မိသွားလဲတော့ မသိရပါဘူး၊ ဆိုင်ကယ်သမားကောင်လေးကတော့ ခေါင်းမှာ ပြင်းထန်ရပြီး နေရာမှာပဲ သေသွားတယ်၊ ကားကတော့ မောင်းပြေးသွားတယ်၊ ကားက ကျောက်သယ်ကားအမျိုးအစားလို့တော့ပြောကြတယ်” ဟု တုသိတာလူမှုကူညီရေးအသင်းမှ တာ၀န်ရှိသူတစ်ဦးကပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

ဆိုင်ကယ်မောင်းနှင်သူမှာ ဖောင်းတောရွာ၊ ကချင်စုမှမောင်အာင်မင်းသူ (၂၂ နှစ်) ဟု သိရပြီး ပြင်ဦးလွင်ဆေးရုံ၊ ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here