ဂျပန်နိုင်ငံမှ မြန်မာလုပ်သား ၆၀၀ ကျော်အတွက် အလုပ် ထပ်မံ ကမ်းလှမ်း

0
269

ဂျပန်နိုင်ငံမှ မြန်မာလုပ်သား ၆၀၀ ကျော်အတွက် အလုပ်ထပ်မံ ကမ်းလှမ်းထားကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက ယနေ့ (မတ်လ ၁၅) ရက်တွင် အသိပေးလာသည်။

ဂျပန်နိုင်ငံမှ ၂၀၂၃ ခုနှစ်၊ မတ်လ (၁) ရက်နေ့မှ မတ်လ (၁၅) ရက်နေ့ အတွင်းပေးပို့ထားသည့် အလုပ်ကမ်းလှမ်းစာ (၂၀၆) ခုဖြင့် မြန်မာလုပ်သား (၆၀၀) ကျော်ကို အလုပ်ကမ်းလှမ်းထားခြင်းဖြစ်ပြီး ခေါ်ယူသည့် ကုမ္ပဏီများ၏ အချက်အလက်များအား စစ်ဆေးပြီးဖြစ်သည်ဟု ဆိုသည်။

မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (Demand Letter) များကို အချိန်နှင့်တစ်ပြေးညီ စိစစ် ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင် တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here