လျှပ်စစ်သုံးယာဉ်အတွက် အားသွင်းစက်များ ထပ်မံရောက်ရှိ

0
137

NPK Motor Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးယာဉ် အားသွင်းစက် (EV Charger) 60 KW (၅) စုံ ထပ်မံရောက်ရှိလာကြောင်း သိရသည်။

အဆိုပါ အားသွင်းစက်များကို မတ်လ ၁၄ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း၊ အဆိုပါ Charger များတင်သွင်းမှုအား ပြည်တွင်းလျှပ်စစ်သုံးယာဉ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောက်ခွန်ကင်းလွတ်သက်သာခွင့်ပြုထားပြီးလည်း ဖြစ်သည်။

လက်ရှိတွင် လျှပ်စစ်သုံးယာဉ်များအတွက် Charging Station များကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အပါအဝင် ရန်ကုန်-မန္တလေးအမြန်လမ်းတစ်လျှောက်တွင်လည်း တည်ဆောက်လျက်ရှိပြီး လျှပ်စစ်ကားများအတွက် Charging Station များကို ရန်ကုန်၊ မန္တလေးရှိ နေရာ (၁၃) ခုနှင့် စက်သုံးဆီဆိုင်(၃၈)ဆိုင်တွင် တည်ဆောက်သွားမည်ဖြစ်သည်။

ယင်းအပြင် သတ်မှတ်ထားသည့် စက်သုံးဆီအရောင်းဆိုင်များတွင် EV ယာဉ်တွေအတွက် Charging Station တည်ဆောက်ခြင်းကို သုံးလအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး လက်ရှိတွင်လည်း နေပြည်တော်နှင့် ရန်ကုန်တွင် EV တက္ကစီများ စမ်းသပ်ပြေးဆွဲနေပြီဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here