ယူကရိန်း၏ခံစစ်ကိုစမ်းသပ်သည့် နောက်ထပ်တိုက်ပွဲများ Bakhmut ၏မြောက်ဘက်တွင်လည်း ဖြစ်ပွားလာ

0
224

Bakhmut မြို့မြောက်ဘက်ပိုင်းတွင်လည်း ရုရှားတပ်ဖွဲ့ဝင်များသည် လက်နက်များ၊ ထိုးစစ်ဆင်သည့် နည်းဗျူဟာများနှင့် မော်စကိုက လိုအပ်နေသည့် အောင်မြင်မှုများကို မျှော်လင့်လျှက် တိုက်ပွဲများဝင်နေကြောင်းသိရသည်။

Bakhmut သည် ယူကရိန်းနိုင်ငံ Donetsk ပြည်နယ်ဒေသများအား ရုရှားတို့က သိမ်းပိုက်ရန်ထိုးစစ်ဆင်နေသည့် တိုက်ပွဲများ လနှင့်ချီ၍ ဖြစ်ပွားနေဆဲဖြစ်သည်။

ယင်းထက်ပိုမိုကြီးမားသော Donetsk ဒေသတွင်း မြို့ကြီးနှစ်မြို့ဖြစ်သည့် Kramatorsk နဲ့ Sloviansk ဆီသို့ ချီတက်ရန် ရုရှားဖက်က ခြေတစ်လှမ်းလှမ်းလိုက်သော်လည်း၊ စစ်ရေး လေ့လာသူအတော်များများကမူ ယင်းသည် ဗျူဟာမြောက်တန်ဖိုး အနည်းငယ်မျှသာရှိကြောင်း အကြိမ်ကြိမ်ပြောဆိုနေကြသည်။

“မဟာဗျူဟာနဲ့ စစ်ဆင်ရေးတန်ဖိုးထက် အထိမ်းအမှတ်ဆိုင်ရာ သင်္ကေတတန်ဖိုးတစ်ခုလို့ ကျွန်တော်ထင်ပါတယ်” ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင်က ယခုလအစောပိုင်းတွင် ပြောကြားခဲ့သည်။

သို့သော်လည်း ယူကရိန်းစစ်တပ် အကြီးအကဲ Valerii Zaluzhnyi က ယင်းအချက်ကို သဘောမတူခဲ့ချေ။

“Bakhmut မှာရှိတဲ့ ခံစစ်စစ်ဆင်ရေးဟာ ရန်သူကို ဟန့်တားဖို့အတွက် ဗျူဟာမြောက် အရေးပါပါတယ်။ ရှေ့တန်းတစ်ခုလုံးရဲ့ ကာကွယ်ရေးတည်ငြိမ်မှုအတွက် အဓိကကျပါတယ်” ဟု သမ္မတ ဇလန်းစကီးနှင့် တွေ့ဆုံစဉ် ယူကရိန်းစစ်တပ် အကြီးအကဲက ပြောကြားခဲ့သည်။

(Reuters, DK)


LEAVE A REPLY

Please enter your comment!
Please enter your name here