ရည်းစားဟောင်းအမျိုးသမီးကို သတ်ဖြတ်၍ဆိုင်ကယ်ယူဆောင်သွားသူကို ဖမ်းဆီးရမိ

0
298

ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့တွင် ရည်း စားဟောင်းအမျိုးသမီးအားသတ်ဖြတ်၍ ဆိုင်ကယ်ယူဆောင်သွားသူကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မတ် ၁၃ ရက်ညနေ ၄ နာရီခန့်က ကြာအင်းဆိပ်ကြီးမြို့၊ဘုရားသုံးဆူ၊ကြံတောလမ်းကျေးရွာရှိ ရော်ဘာခြံအတွင်း၌ ဒဏ်ရာများဖြင့်သေဆုံးနေသည့် အမျိုးသမီးတစ်ဦး၏ရုပ်အလောင်းတွေ့ရှိရသဖြင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြသည်။

သေဆုံးသူသည် ကြံတောကျေးရွာနေ မခိုင်သဇင်ထွေး(ခ)မွန်ချမ်း(၁၈)နှစ်ဖြစ်ပြီး မတ် ၁၂ ရက်နံနက်က နေအိမ်မှဆိုင်ကယ်ဖြစ်ထွက်ခွာသွားပြီး နေအိမ်သို့ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် လိုက်လံရှာဖွေရာမှ သေဆုံးနေခြင်းဖြစ်ကာ ၎င်း စီးနင်းသွားသည့် ဆိုင်ကယ်မှာလည်းပျောက်ဆုံးနေကြောင်း စစ်ဆေးသိရှိခဲ့ရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာ ပြစ်မှုကျူးလွန်သူသည် မခိုင်သဇင်ထွေး(ခ)မွန်ချမ်း ၏ရည်းစားဟောင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် ဖမ်းဆီးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ကြာအင်းဆိပ်ကြီးမြို့မရဲစခန်းမှ ပြစ်မှုကျူးလွန်သူအားအမှုဖွင့်၍ သတ်ဖြတ်ရသည့်အ ကြောင်းရင်းအား စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here