ရှမ်းယူနိုက်တက်နဲ့ မဟာယူနိုက်တက်တို့ နိုင်ပွဲ ကိုယ်စီရရှိ

0
136

၂၀၂၃ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၅) ပထမရက်ပွဲစဉ်အဖြစ် မြ၀တီအသင်းနဲ့ ရှမ်းယူနိုက်တက်၊ မဟာယူန်ိုက်တက်နဲ့ ဧရာ၀တီယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

သု၀ဏ္ဏအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မြ၀တီအသင်းနဲ့ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ရှမ်းယူနိုက်တက်က ၄ ဂိုး ၁ ဂိုးရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။

လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းဟာ (၅) ပွဲကစားပြီးချိန်မှာ ရာနှုန်းပြည့်နိုင်ပွဲရရှိထားပြီး အုပ်စုပထမနေရာကနေ ဦးဆောင်နိုင်ခဲ့ပါတယ်။

YUSC ကွင်းမှာယှဉ်ပြိုင်ကစားခဲ့တဲ့ မဟာယူနိုက်တက်နဲ့ ဧရာ၀တီယူနိုက်တက်ပွဲစဉ်မှာတော့ မဟာယူနိုက်တက်က ၂ ဂိုး ၁ ဂိုးရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဧရာ၀တီယူနိုက်တက်ဟာ ပွဲစဉ် (၅) ပြီးဆုံးချိန်အထိ နိုင်ပွဲမရရှိသေးဘဲ (၄) ပွဲရှုံးနိမ့်ထားပြီး (၁) ပွဲ သရေကျထားပါတယ်။

မနက်ဖြန်မှာတော့ နိုင်ပွဲမရသေးတဲ့ နာမည်ကြီးရတနာပုံ အက်ဖ်စီနဲ့ ခြေစွမ်းကောင်းတွေပြသနေတဲ့ ဒဂုံစတားယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်နဲ့ ရခိုင်ယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here