နမ်းနိန်းရွာ ဖြစ်စဉ်နှင့် ပတ်သက်၍ ပအိုဝ်းဒေသခံ သောင်းနှင့်ချီကာ တောင်ကြီးတွင် ကန့်ကွက်ရှုတ်ချပွဲပြုလုပ်

0
228

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ပင်လောင်းမြို့နယ် ၊ နမ်းနိန်းရွာတွင် ဖြစ်ပွားခဲ့သည့် ဒေသခံအရပ်သား (၂၀) ကျော် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ပအိုဝ်းဒေသခံများက တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး(ဒဲဥ်သီးဗွေ)ကွင်းတွင် ယမန်နေ့ မတ်လ (၁၅) ရက် နေ့လယ်ပိုင်းက ကန့်ကွက်ရှုတ်ချပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဒေသတွင်း သတင်းရင်းမြစ်များထံမှ ရရှိသည့် သတင်း အချက်အလက်များအရ အဆိုပါ ကန့်ကွက်ရှုတ်ချပွဲကို ဦးအောင်ခမ်းထီး ဦးဆောင်သည့် ပအိုဝ်းပြည့်သူ့စစ်အဖွဲ့ (PNO) က ဦးဆောင် ပြုလုပ်ခြင်းဖြစ်ပြီး ပအိုဝ်းဒေသခံ သောင်းနှင့် ချီတက်ရောက်ကြောင်း သိရသည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ ပေါ်ပြူလာနယူး(စ်) အ နေဖြင့် PNO အဖွဲ့ထံ ဆက်သွယ်မေးမြန်းရန်ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့သည့် အတွက် သီး ခြားအတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။

အဆိုပါ ရှုတ်ချကန့်ကွက်ပွဲ အပြစ်မဲ့ ပအိုဝ်းသံဃာတော်များနှင့် ပအိုဝ်းလူမျိုးများအား သတ်ဖြတ်မှု အလိုမရှိ၊ ပအိုဝ်းဒေသအတွင်း ကျူးကျော်စစ် အတင်းဖန်တီးမှု အ လိုမရှိ၊ KNDF နှင့် အကြမ်းဖက် PDF အပေါင်းအပါများ ပအိုဝ်းဒေသအတွင်းမှ အမြန်ဆုံးဆုတ်ခွာရေး ဒို့အရေး၊ ပအိုဝ်းပြည်သူလူထုပိုင် ပစ္စည်းဥစ္စာများ အတင်းအဓမ္မ ခိုးယူနေသော အကြမ်းဖက်သမားများအား အလိုမရှိ၊ သတင်းမှန် ဖုံးကွယ်ရေးသားဖော်ပြသော မီဒီယာများအလိုမရှိ စသည့် ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ (၁၁) ရက် ညပိုင်းက ပင်လောင်းမြို့ နယ် ၊ နမ်းနိန်းရွာတွင် တပ်မတော်နှင့် KNDF ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး သံဃာ (၃) ပါးအပါအဝင် အရပ်သား (၂၁) ဦးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ နှစ်ဘက်အပြန်အလှန် စွပ်စွဲပြစ်တင်နေကြခြင်း ဖြစ်သည်။

အဆိုပါ နမ်းနိန်းရွာ ဖြစ်စဉ်နှင့်ပတ်သက်၍  ဦးအောင်ခမ်းထီး ဦးဆောင်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ကလည်း မတ်လ (၁၄) ရက်တွင် စာမျက်နှာ (၃) မျက်နှာပါ ထုတ်ပြန်ချက်တစ်ဆောင် ထုတ်ပြန်ခဲ့ပြီး ယင်း ထုတ်ပြန်ချက်တွင် ” KNDF နှင့် အပေါင်းအပါအဖွဲ့အစည်းများသည် တောင်မဲသင်းရွာနှင့် နမ်းနိန်းရွာ ဒေသခံများကို သတ်ဖြတ်ခြင်း ၊ လူနေအိမ်နှင့် ဘာသာရေးအဆောက်အ ဦးများကို မီးရှို့ဖျက်ဆီးခြင်း ၊ နမ်းနိန်းရွာ ဘုန်ကြီးကျော င်း ကျောင်းထိုင် ဆရာတော် အပါအဝင် သံဃာတော်များအား သတ်ဖြတ်ခြင်း စသည့် လူမျိုးရေးနှင့် ဘာသာရေး ပြဿနာများ ဖြစ်ပွားအောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့ကြောင်း ထည့်သွင်းရေးသားထားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ဇော်မင်းထွန်းက နိုင်ငံပိုင်သတင်းဌာနမှတဆင့် ပြောကြားသည့် ပြောကြားချက်တွင် တပ်မတော်နှင့် KNDF ပူးပေါင်းအဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲအတွင်း တပ်မတော်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် KNDF တပ်ဖွဲ့ဝင်များ၏ အ လောင်းများနှင့် လက်နက်များ သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားထားသည့်အပြင် တပ်မတော်ထော က်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင်လည်း အလား တူ ဖြန့်ဝေမှုများ ထွက်ပေါ်လျက် ရှိနေခြင်းဖြစ်သည်။

လက်ရှိတွင် ပင်လောင်းဒေသအတွင် တပ်မတော်နှင့် KN DF , PDF ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်နေပြီး ဒေသခံပအိုဝ်းပြည်သူထောင်နှင့်ချီကာ ဘေးလွတ် ရာသို့ တိမ်းရှောင်နေရခြင်းဖြစ်သည်။

ယနေ့ ပြုလုပ်သည့် ကန့်ကွက်ရှုတ်ချ ဆန္ဒပြပွဲတွင် အေး စေတီ ဆရာတော် ဥူးသုဇန၊ ပေါမူကျောင်းဆရာတော် ဥူးအာနန္ဒာဝံသ၊ လွယ်အိုင်းကျောင်းဆရာတော် ဥူးရာဇဂုရု(ပင်လောင်း)နှင့် ဖြားခွန်ဝင်းကိုတို့မှ အမှာစကား ပြောကြားခဲ့ပြီး နိုင်ငံတော်အလံ၊ ပအိုဝ်းအမျိုးသားအလံနှင့် ကျဆုံးသွားသည့် အာဇာနည်များကို အလေးပြုခြင်း၊ နမ်းနိန်းရွာတွင် သတ်ဖြတ်ခြင်းခံရသည့် သံဃာတော်များနှင့် ဒေသခံပြည်များအတွက် ဝမ်းနည်းကြောင်း (၂)မိနစ်ခန့် ငြိမ်သက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here