ကျိုက်မရောတွင် ယနေ့နံနက်ပိုင်းက နေအိမ်မီးလောင်မှုဖြစ်ပွား

0
243

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ကျိုက်ပရံကျေးရွာရှိ နေအိမ်တစ်လုံးတွင် မတ် ၁၆ ရက် (ယနေ့)နံနက်က မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့နံနက် ၆ နာရီ ၄၀ မိနစ်ခန့်က ကျိုက်မ​ရောမြို့နယ်၊ကျိုက်ပရံ​ကျေးရွာရှိ နေအိမ်တစ်လုံးတွင် မီး​လောင်မှုဖြစ်ပွား​၍ ကျိုက်မ​ရောမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် နံနက် ၇ နာရီ ၁၀ မိနစ်၌ မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

“မီးငြှိမ်းသတ်ချိန် နာရီဝက်ကျော်လောက်ကြာတယ် ထိခိုက်ဒဏ်ရာရတာမရှိပါဘူး ဘေးအိမ်တွေလည်းမကူးစက်ပါဘူး အဲဒီအိမ်တစ်အိမ်ထဲပဲ လောင်ကျွမ်းသွားတာပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here