ပြည်ပသို့ ပျားရည်တန်ချိန် ၁၉၀၀ တင်ပို့ထား

0
109

ယခုဘဏ္ဍာနှစ်၏ ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ပြည်ပသို့ ပျားရည်တန်ချိန် ၁၉၀၀ တင်ပို့ထားကြောင်း မြန်မာနိုင်ငံပျားလုပ်ငန်းအသင်းမှ သိရသည်။

အဆိုပါပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံကျော်ရရှိထားကြောင်း မြန်မာနိုင်ငံပျားလုပ်ငန်းအသင်းမှ ဥက္ကဋ္ဌ ဦးအောင်ခိုင်ထွေးက ပြောသည်။

မြန်မာ့ပျားရည်ကို တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်၊ တရုတ်(တိုင်ပေ) နှင့် စင်ကာပူနိုင်ငံသို့ တင်ပို့ပြီး ဂျပန်နိုင်ငံကို အများဆုံး တင်ပို့ထားကြောင်း၊ ပျားရည်ထုတ်လုပ်မှုအနေဖြင့် နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ လိုက်ချီးပျားရည်ဟူ၍ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

ပြည်တွင်းစားသုံးရန် နှစ်စဉ် ပျားရည်တန်ချိန် ၂,၀၀၀ ခန့် ထုတ်လုပ်လျက်ရှိပြီး ပြည်ပသို့ တန်ချိန် ၄,၀၀၀ ခန့် တင်ပို့လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ၉ ခုရှိ မြို့နယ်ပေါင်း ၃၁ မြို့နယ်မှလည်း နှစ်စဉ် ပျားရည်ထုတ်လုပ်လျက်ရှိရာ ပျား မွေးမြူရေးဌာနအနေဖြင့် စိုက်ပျိုးသီးနှံဧက ၁၅ သိန်းအား ဝတ်မှုန်ကူးပြောင်းလဲပေးနိုင်ရေး ကြီးကြပ်ဆောင်ရွက်မှု နှင့် ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

မြန်မာ့ပျားရည်ကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ပြည်ပသို့တင်ပို့ခြင်း ဖြစ်သည်။

Photo Credit- Golden Myanmar Honey


LEAVE A REPLY

Please enter your comment!
Please enter your name here