တရုတ်နိုင်ငံ၏အကူအညီဖြင့်တည်ဆောက်နေသည့် ကွမ်းလုံတံတားအသစ် ယခုနှစ်တွင် တည်ဆောက်ပြီးစီးမည်

0
169

တရုတ်နိုင်ငံ၏ အကူအညီဖြင့် မြန်မာနိုင်ငံ၌တည်ဆောက်နေသော ကွမ်းလုံတံတားသစ်သည် ယခုနှစ်တွင် တည်ဆောက်ပြီးစီးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်နိုင်ငံအစိုးရအကူအညီဖြင့် မြန်မာနိုင်ငံ၌တည်ဆောက်နေသည့် ကွမ်းလုံတံတားအသစ်သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်တည်ရှိပြီး သံလွင်မြစ် (တရုတ်နိုင်ငံပြည်တွင်း၌ နုကျန်းမြစ်)အား ကျော်ဖြတ်နေကာ တရုတ်-မြန်မာကုန်သွယ်ရေး ပင်မလမ်းကြောင်းဖြစ်သည့် သန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်းမကြီးပေါ်ရှိ ပထဝီတည်နေရာအချက်အချာကျသော မြစ်ဖြတ်တံတားကြီးလည်း ဖြစ်သည်။

တရုတ်နိုင်ငံအစိုးရက ရှေ့ရာစု ၁၉၆၀ ခုနှစ်ပိုင်းတွင် ကူညီတည်ဆောက်ပေးသည့် ကွမ်းလုံတံတားအဟောင်းသည် ဖွံဖြိုးတိုးတက်မှုလိုအပ်ချက်နှင့် မကိုက်ညီသဖြင့် တရုတ်-မြန်မာနှစ်နိုင်ငံအစိုးရက ၂၀၁၈ ခုနှစ်တွင် ကွမ်းလုံတံတားအသစ်အား တည်ဆောက်ရန်ဆုံးဖြတ်ခဲ့ပြီး တံတားကြီးနှင့် တံတားကမ်းနှစ်ဖက်ကိုချိတ်ဆက်သည့် စုစုပေါင်းလမ်းကြောင်းအရှည်သည် ၄.၂ ကီလိုမီတာခန့်ရှိပြီး ၎င်းအနက်တံတားအရှည်သည် ၂၈၆ မီတာရှိကြောင်း၊ အဆိုပါစီမံကိန်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် စတင်တည်ဆောက်ခဲ့ပြီး ယခုနှစ်တွင်တည်ဆောက်ပြီးစီးမည်ဖြစ်ကာ လက်ရှိတွင် တံတားကြီးနှစ်ဖက်အားချိတ်ဆက်သည့် အရေးပါအပိုင်းသို ရောက်ရှိနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu နှင့်အဖွဲ့သည် မတ်လ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်သို့သွားရောက်၍ တရုတ်နိုင်ငံမှ ကူညီတည်ဆောက်ပေးသည့် ကွမ်းလုံတံတားအသစ်စီမံကိန်းအား သွားရောက်ကြည့်ရှု့ခဲ့ပြီး တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး၊ ပိုးစာပင်စိုက်ကာ ပိုးကောင်မွေးမြူခြင်း၊ အသားစားနွားများ တရုတ်နိုင်ငံသို့တင်ပို့ခြင်း၊ အစားထိုးစိုက်ပျိုးခြင်းစသည့် ပြည်သူ့အကျိုးပြု ပူးပေါင်းဆောင်ရွက်ရေးအခြေအနေများကို လေ့လာခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here