ရန်ကုန်မြို့လယ်ရှိ ပင်နီဆူလာရန်ကုန် ဟိုတယ်စီမံကိန်း ပြန်လည်စတင်ရန် အဆင်သင့်ဖြစ်နေပြီဟုဆို

0
223

ရန်ကုန်မြို့လယ်ရှိ မြန်မာ့မီးရထားရုံးချုပ်ဟောင်းနေရာတွင် တည်ရှိသည့် ပင်နီဆူလာ ရန်ကုန် ဟိုတယ်စီမံကိန်း အား ပြန်လည်စတင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း စီမံကိန်းအော်ပရေတာဖြစ်သူ ဟောင်ကောင်နှင့် ရှန်ဟိုင်းဟို တယ်လုပ်ငန်းစု (HSH Group) က Nikkei Asia သို့ ဖြေကြားထားသည်။

Yoma Central ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် အမေရိကန်ဒေါ်လာသန်း (၁၃၀) တန် ဟိုတယ်စီမံကိန်းကို ၂၀၂၁ ဖေဖော်ဝါရီတွင် တစ်နှစ်ခန့် စီမံကိန်းလုပ်ငန်းများကို ရပ် ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ Site (ဆိုက်) ကို ထိန်းသိမ်းရန် နှစ်အတော်ကြာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားကြောင်း၊ ယင်းမှ စီမံကိန်းပြန် လည်စတင်သည့်အခါ အချိန်မရွေး တည်ဆောက်ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်မည်ဖြစ်ကြောင်း HSH Group ၏ အမှုဆောင်အရာရှိချုပ် Clement Kwok က ပြောကြားထားသည်။

ယင်း စီမံကိန်းကို ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ဦးသိမ်းဝေ (Serge Pum) ၏ ရိုးမအုပ်စု လက်အောက်ခံ စင်ကာပူ နိုင်ငံစာရင်းဝင် ရိုးမမဟာဗျူဟာ (YSH) နှင့် ပထမမြန် မာရင်းနှီးမြှုပ်နှံမှု (FMI) တို့ ပူးပေါင်းဆောင်ရွက်ကြပြီး HSH Group က ရှယ်ယာ (၇၀) ရာခိုင်နှုန်းပိုင်ဆိုင်ကာ ကျန်ရှိသည့်(၃၀)ရာခိုင်နှုန်းကို ရိုးမကပိုင်ဆိုင်ခြင်းဖြစ်ကြောင်း သိရသည်။

အခန်း (၈၈) ခန်းပါသည့် ဟိုတယ်စီမံကိန်းကို ကိုလိုနီခေ တ် မြန်မာ့မီးရထားရုံးချုပ် ပြန်လည်ပြုပြင်ခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကာ စီမံကိန်းကို ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင် ပြီးစီးရန် စီစဉ်ခဲ့သော်လည်း တည်ဆောက်ရေးလုပ်ငန်းတွေကို ခေတ္တရပ်ဆိုင်းထားခဲ့ခြင်းကြောင့် ပြီးစီးမည့်အချိန်ကာလ ကျော်လွန်သွားခြင်းဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here