ရုရှားနှင့်ယူကရိန်းအား ငြိမ်းချမ်းရေးဆွေးနွေးစေလိုကြောင်းတရုတ်သံတမန်ပြောကြား

0
139

ပေကျင်း၊မတ် ၁၆

ပေကျင်းအနေဖြင့် အရှိန်မြင့် တက်လာသော ရုရှား- ယူကရိန်းစစ်အတွက် စိုးရိမ်မကင်းဖြစ်မိပြီး ရုရှား နှင့်ယူကရိန်းအား ငြိမ်းချမ်းရေးဆွေး နွေးစေလိုကြောင်းလည်းပြောကြားခဲ့သည်။

ရုရှား – ယူကရိန်းအရေးဖြစ်စကတည်းက ရုရှားအားရှုံ့ချခြင်းမရှိဘဲ ရုရှားဘက်မှတောက်လျှောက်ရပ်တည်လာသော တရုတ်သည် ယခုအချိန်၌ နှစ်ဖက်စလုံးအနေဖြင့် စစ်ပွဲများ ကို ရပ်တန့်ကာ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်စေလိုကြောင်းတိုက်တွန်းပြောကြားခဲ့သည်။

တရုတ်သမ္မတရှီသည် လာမည့်သီတင်းပတ်တွင် ရုရှားသမ္မတဗလာဒီမာပူတင်ထံ သွားရောက်တွေ့ဆုံမည်ဖြစ်ပြီး ယူကရိန်းသမ္မတဇလန်းစကီးနှင့်လည်း Zoom မီတင်တစ်ခုပြုလုပ်တွေ့ဆုံရန် မျှော်လင့်ထားသည်။

တရုတ်အနေဖြင့် ရုရှားနှင့်ယူကရိန်းအား ငြိမ်းချမ်းရေးဆွေးနွေးပွဲစကားဝိုင်းသို့ရောက်ရှိရန် ခေါ်ဆောင်လာနိုင်ဖို့ခဲယဉ်းကြောင်း အချို့ပညာရှင်များကသုံးသပ်သော်လည်း အချို့ကမူ သမ္မတရှီသည် ပူတင်နှင့်ဇလန်းစကီးတို့၏ နောက်ပြန်လှည့်ရေးလမ်းကြောင်းတစ်ခု ဖြစ်လာနိုင်သည်ဟုလည်းသုံးသပ်ထားကြသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here