ကမ္ဘောဒီးယားနှင့်ပူးပေါင်းစစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် တရုတ်တပ်ဖွဲ့ဝင်များထွက်ခွာ

0
116

ကွမ်ကျိုး၊မတ် ၁၆

တရုတ် – ကမ္ဘောဒီးယား စစ်ရေးလေ့ကျင့်မှု၌ ပါဝင်ရန် တရုတ်စစ်သည်အဖွဲ့တစ်ဖွဲ့သည် ကြာသပတေးနေ့က ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာသွားခဲ့‌ပြီဖြစ်ကြောင်းသိရသည်။

ယခုတစ်ကြိမ်ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ပဉ္စမအကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး နှစ်နိုင်ငံပေါင်း စစ်သည်အင်အား ၃,၀၀၀ ကျော်ပါဝင်မည်ဖြစ်ကြောင်းသိရသည်။ပူးတွဲစစ်ရေးလေ့ကျင့်မှုအား မတ်လ ၂၀ ရက်မှ ဧပြီလ ၈ ရက်နေ့အထိကျင်းပမည်ဟုလည်းဆိုသည်။

ယခုနှစ်လေ့ကျင့်မှုသည် ပူးတွဲလုံခြုံရေးလေ့ကျင့်ခန်း၊လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် ယဉ်ကျေးမှုဖလှယ်ခြင်း စသည့်အပိုင်းသုံးပိုင်းကို အဓိကထားဆောင်ရွက်မည်ဖြစ်သည်ဟုလည်းဆိုသည်။

ယခုစစ်ရေးလေ့ကျင့်မှုမှတစ်ဆင့် နှစ်နိုင်ငံကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးနှင့် မိတ်ဖက်ဆက်ဆံရေးကိုမြှင့်တင်ရန်၊ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုတိုးမြှင့်ရန်၊ စစ်ရေးဖလှယ်မှုများ ချဲ့ထွင်ရန်နှင့် တပ်မတော်နှစ်ရပ်လုံး၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုစွမ်းရည်များကို မြှင့်တင်ရန်မျှော်လင့်ထားကြောင်းသိရသည်။

Source :Xinhua


LEAVE A REPLY

Please enter your comment!
Please enter your name here