အပ်စ်ဘရစ်ချ် မဲဆန္ဒနယ်တွင် ကွန်ဆာဗေးတစ်ပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် ဘိုရစ်ဂျွန်ဆင် ပြန်လည်ရွေးချယ်ခံခဲ့ရ

0
161

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘိုရစ်ဂျွန်ဆင်သည် အပ်စ်ဘရစ်ချ်နှင့် တောင်ရိုက်စလပ် မဲဆန္ဒနယ်တွင် ကွန်ဆာဗေးတစ်ပါတီ၏ ကိုယ်စားလှယ်လောင်း အဖြစ် ပြန်လည်ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

အဆိုပါသတင်းကို အပ်စ်ဘရစ်ချ်နှင့် တောင်ရိုက်စလပ်ရှိ ကွန်ဆာဗေးတစ်အသင်းက ကြာသပတေးနေ့ ညပိုင်းတွင် ကြေညာခဲ့ပြီး ဂျွန်ဆင်နှင့်အတူ ဆက်လက် လက်တွဲလုပ်ဆောင်ရန် မျှော်လင့်နေကြောင်း ပြောကြားခဲ့သည်။

အပ်စ်ဘရစ်ချ်နှင့် တောင်ရိုက်စလပ်၏ လွှတ်တော် ကိုယ်စားလှယ်နေရာကို ၂၀၁၅ ခုနှစ်တွင် အနိုင်ရခဲ့ဖူးသည့် ဂျွန်ဆင်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၄ ရက် မတိုင်မီ ကျင်းပမည့် လာမည့် ရွေးကောက်ပွဲတွင်လည်း ထိုနေရာအတွက် ထပ်မံ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် ဝန်ကြီးချုပ်နေရာမှ နုတ်ထွက်ပြီးသွားနောက် ဂျွန်ဆင်သည် အခကြေးငွေယူ၍ ကမ္ဘာအနှံ့ မိန့်ခွန်း လိုက်လံဟောပြောပေးခဲ့ပြီး နိုင်ငံရေးနှင့် ပတ်သက်၍လည်း တစ်ခါတစ်ရံ ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။

Source:The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here