တရုတ်သမ္မတ ရှီကျင့်ဖျင် ရုရှားသို့  သုံးရက်ကြာခရီးစဉ်သွားရောက်မည်

0
138

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် မတ်လ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ရုရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အနေဖြင့် အလည်အပတ် သွားရောက်မည်ဖြစ်ကြောင်း ရုရှားအစိုးရက မတ်လ ၁၇ ရက် သောကြာနေ့တွင် ကြေညာခဲ့သည်။

ရှီသည် ရုရှားသမ္မတပူတင်၏ ဖိတ်ကြားချက်အရ သွားရောက် လည်ပတ်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးကလည်း ထုတ်ပြန်ထားသည်။

အဆိုပါတွေ့ဆုံမှုအတွင်း ခေါင်းဆောင်များသည် တရုတ်နှင့် ရုရှားနိုင်ငံတို့ကြား ဘက်စုံမိတ်ဖက်ဆက်ဆံရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည် ဖြစ်သည်။

အရေးကြီးသော နှစ်နိုင်ငံ စာချုပ်စာတမ်း များကိုလည်း လက်မှတ်ရေးထိုးမည်ဟု ရုရှားအစိုးရက ထည့်သွင်း ပြောကြားထားသည်။

Source: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here