၂၀၂၃ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၅) တတိယရက်ပွဲစဉ်အဖြစ် GFA အသင်းနဲ့ အား/ကာသိပ္ပံ (ISPE)တို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။
သု၀ဏ္ဏအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး GFA အသင်းက ပွဲအစ ၄ မိနစ်ထဲက ဦိးဆောင်ဂိုး ရခဲ့ကာ ပွဲအပြီးမှာတော့ အား/ကာသိပ္ပံ (ISPE) အသင်းကို ၂ ဂိုး ၁ ဂိုးရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
GFA အသင်းဟာ (၅) ပွဲကစားပြီးချိန်မှာတော့ သူတို့အသင်းအတွက် ဒုတိယမြောက်နိုင်ပွဲကို ရရှိသွားပြီဖစ်ပါတယ်။
မနက်ဖြန်မှာတော့ ပွဲစဉ် (၅) ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ဇယားအောက်ခြေက ကချင်ယူနိိိိုက်တက််နဲ့ ဟံသာ၀တီယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။