နှစ်လအတွင်း စည်းကမ်းမဲ့ YBS ဖမ်းဆီးမှု ၁၂၀၀ ကျော်ရှိ

0
111

၂၀၂၃ ခုနှစ်၏ နှစ်လအတွင်း စည်းကမ်းမဲ့ YBS ဖမ်းဆီးမှု ၁၂၆၃ မှုကို အရေးယူဆောင်ရွက်ထားကြောင်း YRTC မှ သိရသည်။

အဆိုပါ ၁၂၆၃ မှုတွင် မှတ်သားဖမ်းဆီးမှု၊ တိုင်ကြားမှု၊ Facebook တိုင်ကြားမှု၊မီးနီဖြတ်မောင်းမှု၊ သတ်မှတ်ကီလိုကျော်လွန် မောင်းနှင်မှု၊ သတ်မှတ်လမ်းကြောင်းအတိုင်း မမောင်းနှင်မှု၊ မဆင်မခြင်မောင်းနှင်မှု၊ သီးခြားအမှု၊ နယ်ကျော်မှု၊ ရပ်နားချိန်ကြာမြင့်မှု၊ ယာဉ်တစ်စီးနှင့်တစ်စီးကျော်တက်မောင်းနှင်မှု စသည့်အမှုများ ပါဝင်သည်။

စည်းကမ်းမဲ့ YBS ယာဉ်များအရေးယူဆောင်ရွက်မှုအပိုင်းတွင် ၂၀၂၂ ခုနှစ်တွင် အမှုပေါင်း ၇၉၅၃ မှုရှိခဲ့ပြီး CNG ပိတ်သိမ်းအရေးယူဆောင်ရွက်ထားသည်။

ယင်းအပြင် YBS ယာဉ်လိုင်းများစည်းကမ်းမဲ့မောင်းနှင်မှုမရှိစေရန်အတွက် YBS ယာဉ်လိုင်းများတွင် တယ်လီမက်တစ်စနစ်တပ်ဆင်ထားပြီး Yangon Bus Operator ကနေတစ်ဆင့် စောင့်ကြည့်အရေးယူမှုတွေ ပြုလုပ်နေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း YBS ယာဉ်လိုင်းပေါင်း ၁၁၇ လိုင်း၊ ယာဉ်အစီးရေ  ၃၆၅၀ စီးနှင့်နှင့် နေ့စဉ်ခရီးသွားဦးရေ ၁ ဒသမ ၄ သန်းခန့်ကို ဝန်ဆောင်မှုပေးနေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here