ကချင်ယူနိုက်တက်ကိုအနိုင်ယူပြီး အဆင့် (၃) အထိ တက်လှမ်းလာတဲ့ ဟံသာ၀တီ ယူနိုက်တက်

0
185

၂၀၂၃ မြန်မာနေရှင်လိဂ် ပွဲစဉ် (၅) ရဲ့ နောက်ဆုံးပွဲစဥ်အဖြစ် ကချင်ယူနိုက်တက်အသင်းနဲ့ ဟံသာဝတီယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

သု၀ဏ္ဏ အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ပွဲအပြီးမှာတော့ ဟံသာဝတီယူနိုက်တက်အသင်းက ကချင်ယူနိုက်တက်အသင်းကို ၃ ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီနေ့အနိုင်ရလဒ်ကြောင့် ဟံသာဝတီယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့် (၃) နေရာအထိ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပွဲစဥ် (၅) ပြီးဆုံးချိန်မှာတော့ ရှမ်းယူနိုက်တက်က ရမှတ် (၁၅) မှတ်နဲ့ အဆင့် (၁)၊ ရန်ကုန်ယူနိုက်တက်က ရမှတ် (၁၂) မှတ်နဲ့ အဆင့် (၂) နဲ့ ဟံ့သာ၀တီယူနိုက်တက် က ရမှတ် (၁၀) မှတ်နဲ့ အဆင့် (၃) တို့မှာ အသီးသီးရပ်တည်နေပါတယ်။

ကချင်ယူနိုက်တက်ကတော့ ပွဲစဉ် (၅) ပြီးဆုံးချိန်အထိ သွင်းဂိုး ရယူထားနိုင်ခြင်း မရှိသေးဘဲ ရမှတ် (၁) ဖြင့် အမှတ်ပေးဇယားရဲ့ အောက်ခြေဖြစ်တဲ့ အဆင့် (၁၂) နေရာမှာပဲ ရှိနေခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here