မ‌ကွေးတွင် အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ကြိုးဆွဲချသေဆုံး

0
142

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် (မတ်လ ၁၈ ရက်)က အသက် ၂၂ နှစ်အရွယ်ရှိ အမျိုးသမီးငယ် တစ်ဦးသည် နေအိမ် အိပ်ခန်းတွင်ကြိုးဆွဲချ‌သေဆုံးသွားခြင်းဖြစ်သည်။

“ကောင်မလေးက စိတ်ကျန်းမာရေး သိပ်မကောင်းဘူးလို့ ပြောတယ်၊ ဆေးခန်းပြနေရတာလည်းရှိတယ်၊ အခြား လူမှုရေးကိစ္စတော့ မရှိပါဘူး” ဟု ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

အဆိုပါအမျိုးသမီးငယ်သည် မိဘများ မရှိတော့ဘဲ အဖိုး၊ အဖွား၊ ဦးလေးများနှင့် အတူနေသူဖြစ်သည်ဟုလည်း သိရသည်။

သက်မဲ့ခန္ဓာအား လိုအပ်သောဆေးစစ်ချက်များရယူနိုင်ရန်အတွက် ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှ မကွေးတိုင်းပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့သည်ဟုလည်း သိရသည်။

ဓာတ်ပုံ – ရောင်စုံမေတ္တာလူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here