ခြင်ဆေးထွန်းထားရာမှ သင်ဖြူးဖျာကိုကူးစက်၍ နေအိမ်မီးလောင်မှုဖြစ်ပွား

0
174

မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ်၊ရွှေကြည်ထိုးရပ်ကွက်တွင် ဆနွင်းမှိုင်းဖြင့်ခြင်းဆေးထွန်းထားရာမှ သင်ဖြူးဖျာအားကူးစက်ကာ နေအိမ်မီးလောင်ကျွမ်းခဲ့မှု မတ် ၁၈ ရက်ညကဖြစ်ပွားခဲ့သည်။

ယမန်နေ့ည ၁ နာရီ ၁၂ မိနစ်ခန့်က ချမ်းအေးသာစံမြို့နယ်၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြား၊(၇၇) A လမ်းရှိ ၃ ထပ်နေအိမ်၏ ပထမထပ်တွင် ဆနွင်းမှိုင်းဖြင့်ခြင်ဆေးထွန်းထားရာမှ ဘေးတွင်ရှိသည့် သင်ဖြူးဖျာအား မီးကူးစက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဥ်အား မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက Level 1 အဆင့်မီးသတ်ကားများဖြင့်ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၁ နာရီ ၂၇ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

မီးလောင်မှုကြောင့် ပထမထပ်ရှိ ပစ္စည်းအချို့နှင့်မျက်နှာကျက်များ မီးလောင်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here