ခရိုင်းမီးယားကို ယူကရိန်းထံမှ ပြန်လည်သိမ်းပိုက်ခြင်း ၉နှစ်ပြည့် အခမ်းအနား သမ္မတပူတင် တက်ရောက်

0
195

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ခရိုင်းမီးယား ကျွန်းဆွယ်အား ယူကရိန်းထံမှ ပြန်လည်သိမ်းပိုက်ခြင်း ၉ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ICC မှ ဝရမ်းထုတ်ပြီး နောက်တစ်နေ့တွင် ပူတင်သည် ခရိုင်းမီယား၏ အကြီးဆုံးမြို့ဖြစ်သည့် Sevastopol သို့ ရောက်ရှိနေခြင်းဖြစ်သည်။

ခရိုင်းမီးယားတွင် ပန်းချီကျောင်းနှင့် ကလေးစင်တာသို့ မသွားရောက်မီ ရုရှားက ခန့်အပ်ထားသော Sevastopol အုပ်ချုပ်ရေးမှူး Mikhail Razvozhayev က သူ့ကို ကြိုဆိုခဲ့သည်။

ခရိုင်းမီးယားကို ရုရှားက သိမ်းယူခဲ့ခြင်းသည် တရားမဝင်ဟု အနောက်နိုင်ငံများက ယူဆကြပြီး ယူကရိန်းကလည်း ခရိုင်းမီးယားကျွန်းဆွယ်ကို ပြန်လည်ရရှိရန် တိုက်ပွဲဝင်သွားမည်ဟု ပြောကြားထားသည်။

Ref: Putin in Crimea to mark nine years since annexation – a day after war crimes arrest warrant


LEAVE A REPLY

Please enter your comment!
Please enter your name here