အသက်(၅၁)အရွယ် အမျိုးသားတစ်ဦး ယနေ့နံနက်အစောပိုင်းက ကြိုးဆွဲချသေဆုံးသွားခဲ့

0
81

ရခိုင်ပြည်နယ်၊စစ်တွေမြို့၊မင်းဂံအကွက်(၁၂)နေ ဦးမောင်ဦး(၅၁)နှစ်သည် မတ် ၁၉ ရက်(ယနေ့) နံနက် ၂ နာရီ ၁၀ မိနစ်ခန့်က နေအိမ်ထုတ်တန်းတွင် ကြိုးဆွဲချသေဆုံးခဲ့သည်ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်း(လူမှုကူညီရေးအသင်း)မှ သိရသည်။

“ဖုန်းသတင်းရလို့သွားပြီး ကူညီပေးခဲ့တာပါ ဘယ်လိုအကြောင်းကြောင့်အခုလိုကြိုးဆွဲချပြီးသေကြောင်းကြံစည်ခဲ့ရတာလဲဆိုတာတော့ သူ့မိသားစုဝင်တွေပဲသိမှာပါ။ကျွန်တော်တို့က လိုအပ်တာတွေကိုကူညီပေးခဲ့တာပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ကြိုးဆွဲချသေဆုံးသူ၏ရုပ်အလောင်းအား ရွှေရောင်မေတ္တာဖောင်ဒေးရှင်း(လူမှုကူညီရေးအ သင်း)မှ စစ်တွေမြို့ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်အား တာဝန်ရှိသူများက လာရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Photo-ရွှေရောင်မေတ္တာဖောင်ဒေးရှင်


LEAVE A REPLY

Please enter your comment!
Please enter your name here