စင်္ကာပူသမ္မတ ဟာလီမာ ရာကော့ဘ် မလေးရှားသို့ သုံးရက်ကြာခရီးစဉ်သွားရောက်မည်

0
100

မလေးရှားဘုရင် အဲလ် ဆူလ်တန် အဗ္ဗဒူလာ ရီအရာတက်ဒင် အဲလ်မူစတာဖာ ဘီလက်ရှက်၏ ဖိတ်ကြားချက်အရ စင်္ကာပူသမ္မတ ဟာလီမာ ရာကော့သည် မတ်လ ၂၀ ရက်မှ ၂၂ ရက်အထိ မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် အလည်အပတ်ခရီး သွားရောက်မည်ဖြစ်ကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန (MFA)က မတ်လ ၁၈ ရက် စနေနေ့က​ကြေငြာခဲ့သည်။

အဆိုပါခရီးစဉ်သည် စင်္ကာပူသမ္မတ ၏ ၅နှစ်​ကျော်သက်တမ်းအတွင်း အိမ်နီးချင်းမလေးရှားသို့ ပထမဆုံးသော နိုင်ငံတော်အဆင့် ခရီးစဉ်ဖြစ်လာမည်ဖြစ်သည်။

စင်္ကာပူ၏ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတသည် ပါတီ၀င်မဟုတ်သည့် လူထုဆန္ဒမဲဖြင့် ရွေးချယ်တင်မြှောက်သူဖြစ်သည်။

လက်ရှိသမ္မတ ဟာလီမာယာကော့ဘ်သည် ကန့်ကွက်မှုမရှိဘဲ အရွေးခံရပြီးနောက် ၂၀၁၇ စက်တင်ဘာ ၁၄ ရက်က စ၍တာဝန်ထမ်း​ဆောင်ခဲ့သည်။ သူမသည် စင်္ကာပူနိုင်ငံသမိုင်းတွင် ပထမဆုံးသော အမျိုးသမီးသမ္မတဖြစ်သည်။

ထိုခရီးစဉ်အတွင်း ဟာလီမာသည် မ​လေးရှား ဘုရင်နှင့်မိဖုရား၊ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်၊နှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊မ​လေးရောက် စင်္ကာပူနိုင်ငံသားများနှင့် တွေဆုံသွားမည်ဖြစ်သည်။

သူမနှင့်အတူ ဝန်ကြီးချုပ်ရုံးဝန်ကြီး၊ ကုန်သွယ်ရေး၊ယဉ်ကျေးမှုနှင့် လူငယ်ရေးရာဝန်ကြီး ၊ လွှတ်တော်အမတ် ၃​ယောက်တို့လည်း လိုက်ပါသွားမည်ဖြစ်သည်။

ဟာလီမာကို မလေးရှားဘုရင်၏ အီစတာနာ နီဂါရာ နန်းတော်တွင် နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် ကြိုဆိုသွားမည်ဖြစ်သည်။

အမှတ်တရအထိမ်းအမှတ်အဖြစ် မျိုးစပ်ထားသည့် သစ်ခွပန်း မျိုးစိပ်အသစ်အား ဗန်ဒါ ဟာလီမာ ရာကော့ မိုဟာမက်ဟု အမည်ပေးခြင်းဖြင့် ဟာလီမာတို့​မောင်နှံကို ဂုဏ်ပြုသွားမည်ဖြစ်သည်။

Source: စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here