သဘင်အဖွဲ့များအား ထုတ်ချေးပေးထားသည့် ကိုဗစ်(၁၉) ချေးငွေ ပြန်ဆပ်ရန်ကိစ္စအသိ​ပေးချက်များ

0
96

ကိုဗစ် – ၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးကော်မတီက မတ်လ (၈) ရက်တွင် သဘင် – ရုပ်ရှင် – ဂီတ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍများသို့ ထုတ်ပေးထားသည့် ချေးငွေများအား ပြန်လည်ပေးချေရမည့် ကာလကို သက်တမ်းတစ်နှစ်ထပ်မံတိုးပေးထားကြောင်း သဘင်အစည်းအရုံးမှ သိရသည်။

မြန်မာနိုင်ငံ သဘင်အစည်းအရုံးဗဟို၏ စီမံခန့်ခွဲမှုအောက်တွင်ရှိသော ချေးငွေရယူထားသည့် အနုပညာရှင်များနှင့် အဖွဲ့အစည်းများသည် အောက်ပါအချက်အလက်များကို (မဖြစ်မနေ) လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အသိပေးထားသည်။

ကြေညာချက် အပိုဒ်(၄-က) အရ မိမိတို့ရယူထားသည့် ချေးငွေသက်တမ်း တစ်နှစ်ပြည့်သည့် နေ့ရက်တွင် (သို့မဟုတ်) ၎င်းနေ့ရက် မတိုင်မီ အတိုးနှုန်း တစ်ရာခိုင်နှုန်းကို မိမိတို့ ထုတ်ယူခဲ့သော မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ပေးဆပ်ပြီး ဖြစ်ရမည်ဖြစ်ကြောင်း၊ အတိုးနှုန်းမှာ ဥပမာအားဖြင့် ကျပ်သိန်း (၂၀) ရယူထားလျှင် တစ်နှစ်စာအတွက်အတိုးနှုန်း (နှစ်သောင်းကျပ်တိတိ) ပေးဆောင်ရမည်ဖြစ်ကြောင်း အသိပေးထားသည်။

ကြေညာချက်အပိုဒ်(၄-ခ) အရ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ ခွင့်ပြုထားသော မြန်မာ နိုင်ငံသဘင်အစည်းအရုံးဗဟို၏ သဘင်တည်ထောင်ခွင့်အသစ်အား ဘဏ်သို့ယူဆောင်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ တည်ထောင်ခွင့် အသစ်မပြုလုပ်ရသေးပါက အချိန်မီပြုလုပ်ရန် လိုအပ်ကြောင်း သိရသည်။

ကိုဗစ်ချေးငွေကို အပြည့်အဝပေးဆပ်ခြင်း မပြုနိုင်သေးသော်လည်း အတိုင်းအတာတစ်ခုအထိ ပေးဆပ်လိုပါက ပေးဆပ်ခွင့်ရှိကြောင်း၊ သက်တမ်းတိုးကာလ သတ်မှတ်ကာလ ပြည့်မှီသွားသည်အထိ ပေးဆပ်ခြင်းမပြုနိုင်ပါက ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ တရားမလမ်းကြောင်းအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အသိပေးကြေငြာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here