ရေနံနှင့်ရေနံထွက်ပစ္စည်းများကို ပြည်ပမှတင်သွင်းမှုလျှော့ချနိုင်ရန် ရေနံတွင်းသစ်များတူး​ဖော်မည်

0
147

မကွေးတိုင်းရှိ ရေနံမြေများသို့​သွား​​​ရောက်နေသည့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးမြင့်ဦးသည် ​ရေနံတွင်းသစ်တူးဖော်နေမှုနှင့်တွင်းသစ်တူးဖော်မည့်မြေနေရာများအား မတ် ၁၈ ရက်နံနက်က ကြည့်ရှုစစ်ဆေးခဲ့သည်။

ရေနံနှင့်ရေနံထွက်ပစ္စည်းများကို ပြည်ပမှတင်သွင်းမှုလျှော့ချနိုင်ရန်နှင့်ပြည်တွင်းထုတ်လုပ်မှုတိုးတက်ရေးစီမံချက်နှင့်အညီ ရေနံမြေများမှ ရေနံတိုးတက်ထုတ်လုပ်နိုင်ရေးအား နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားရှာဖွေ တူးဖော်ထုတ်လုပ်ဖို့ ပြည်ထောင်စုဝန်ကြီးက​ဆွေး​နွေးအား​ပေးခဲ့သည်။

ထောက်ရှာပင်ရေနံမြေရှိ တွင်းအမှတ်(၈၈၃)၏ ရေနံစမ်းသပ်ထုတ်လုပ်နေမှုတွင်လည်း နေရှင်နယ် ၅၅/၈ တွင်းတူးစက်ဖြင့် ရည်မှန်းအနက်ပေ ၃၆၅၀ သို့ရောက်ရှိ အောင်တူးဖော်ခဲ့မှုနှင့်လုပ်ငန်းဆောင်ရွက်နေမှုများအား ​ရေနံ​မြေအ​ထွေ​ထွေမန်​နေဂျာက ရှင်းပြခဲ့သည်။

ထို့ပြင် ထောက်ရှာပင်ရေနံမြေတွင် အသစ်တူးဖော်မည့် တွင်းအမှတ် BK-3901 နေရာ၊တွင်းအမှတ် PK-3902 နေရာ၊တွင်းအမှတ် PK-4801 နေရာတို့ကိုလည်းပြည်​ထောင်စုဝန်ကြီးက ကြည့်ရှု၍ အတည်ပြုပေးခဲ့သည်။

ပဒေါင်းကျောက်စဉ်စုအတွင်းရှိ သဲကြောမှရေနံနှင့်သဘာဝဓာတ်ငွေ့များ စမ်းသပ်တူးဖော်ထုတ်လုပ်မည့် မန်းရေနံမြေတွင် အသစ်တူးဖော်ရန်လျာထားသည့်တွင်းအမှတ်(၆၇၁) မြေနေရာတွင်လည်း  ZJ7L SR 1 တွင်းတူးစက်ဖြင့် ရည်မှန်းအနက်ပေ ၈၀၀၀ အထိတူးဖော်သွားမည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here