ဂျပန် ဖိတ်ခေါ် ပြိုင်ပွဲတွင် မြန်မာ ယူ- ၁၇ အမျိုးသမီးအသင်းက ၃ ဂိုး ၁ ဂိုးဖြင့် ဖိလစ်ပိုင်ကို အနိုင်ရရှိ

0
150

ဂျပန်- အာဆီယံ ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်အရ ကျင်းပသည့် 2022 JENESYS U-17 Women’s Football Memorial Cup ပြိုင်ပွဲတွင် မြန်မာ ယူ- ၁၇ အမျိုးသမီးအသင်းက ဖိလစ်ပိုင်ကို အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အုပ်စု (C)၏ ဒုတိယပွဲစဉ်အဖြစ် ဂျပန်နိုင်ငံ၊ အိုကီနာဝါမြို့တွင် ယနေ့ (မတ်လ ၁၉ရက်) မြန်မာ ယူ – ၁၇ အမျိုးသမီး လက်ရွေးစင်အသင်းနှင့် ဖိလစ်ပိုင် ယူ -၁၇ အမျိုးသမီး လက်ရွေးစင် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာ ယူ – ၁၇ အမျိုးသမီး လက်ရွေးစင်အသင်းက (၃-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာ ယူ -၁၇ အမျိုးသမီး လက်ရွေးစင်အသင်းသည် ပွဲချိန်(၁၄)မိနစ်တွင် ဦးဆောင်ဂိုးပေးခံရသော်လည်း (၂) ဂိုးပြန်သွင်းခဲ့သဖြင့် ပထမပိုင်း အပြီးတွင် (၂-၁)ဂိုးဖြင့် ပွဲကိုပြန်လည် ဦးဆောင်ကစားခဲ့သည်။ ဒုတိယပိုင်းတွင် မြန်မာ ယူ -၁၇ အမျိုးသမီး လက်ရွေးစင်အသင်းက တတိယဂိုး သွင်းယူနိုင်ခဲ့ပြီး ပွဲအပြီးတွင် (၃-၁) ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာ ယူ -၁၇ အမျိုးသမီး လက်ရွေးစင်အသင်းသည် အုပ်စု (C) တွင် ဒုတိယနေရာရရှိခဲ့ပြီး အဆင့် သတ်မှတ်ချက်အတွက် မနက်ဖြန် (မတ် ၂၀) တွင် အုပ်စု (D)မှ ဒုတိယနေရာရသည့် လာအိုအသင်းနှင့် ကစားရမည်ဖြစ်သည်။

ထို့နောက် ၂၁ ရက်တွင်လည်း နောက်ဆုံးပွဲစဉ် တစ်ပွဲကိုဆက်လက် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here