တံတားအရှည် မီတာ ၁၈၆၈ ရှည်သည့်ဒလတံတားတွင်သံမဏိယက်မများစတင်တပ်ဆင်နေပြီဖြစ်ခါ တံတားစီမံကိန်းတဝက်ပြီး​လာပြီဖြစ်

0
182

မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတားစီမံကိန်း၏ ဆင်ခြေလျှောတံတားများဖြစ်သည့် Ramp A နှင့် Ramp B တံတားများတွင် ကမ်းနားလမ်းသစ်ကို ဖြတ်သန်းတပ်ဆင်ရမည့် သံမဏိယက်မများစတင်တပ်ဆင်နေသည့် မြင်ကွင်းများအားဖော်ပြလိုက်ပါသည်။

အဆိုပါ သံမဏိယက်မတပ်ဆင်ခြင်းလုပ်ငန်းကို မတ်လ (၁၈) ရက်မှ (၂၇)ရက်အထိ လုပ်ဆောင်သွားမည်ဖြစ်သည်။

ရန်ကုန်မြို့လယ် နှင့် ဒလမြို့နယ်ကိုဆက်သွယ်ပေးမည့်ဒလတံတားတည်ဆောက်နေမှုသည် ၅၃ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကာ၊ ​ရန်ကုန် – ဒလမြစ်ကူးတံတားသည် မြန်မာနိုင်ငံရှိ အရှည်ဆုံးတံတားများထဲတွင် တစ်စင်းအပါအဝင်ဖြစ်သည်။

အဆိုပါတံတားသည် စုစုပေါင်းအရှည် ၁၈၆၈ မီတာ၊ အကျယ် ၂၆ ဒသမ ၅ မီတာ၊ လေးလမ်းသွား သံမဏိကြိုးဆိုင်း တံတားတစ်စင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here