တရုတ်သမ္မတ ရှီကျင့်ဖိန် နက်ဖြန် ရုရှားသို့သွားမည်

0
180

တရုတ်သမ္မတ ရှီကျင့်ဖိန်သည် နက်ဖြန် တနင်္လာနေ့တွင် ရုရှားနိုင်ငံသို့ ၃ ရက်ကြာခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်းသိရသည်။

သမ္မတ ရှီသည် ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားသို့ မတ် ၂၀ ရက်မှ ၂၂ ရက်အထိ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်သည်။

ထို့အပြင် ယူကရိန်းသမ္မတဇလန်းစကီးနှင့်လည်း ဖုန်းဖြင့် တွေ့ဆုံဆွေးနွေးရန်ရှိသည်ဟု သတင်းများထွက်ပေါ်နေသည်။ ယင်းသည် ရုရှား-ယူကရိန်းစစ်ပွဲစတင်ပြီးနောက် ဇလန်းစကီးနှင့် ပထမဆုံးအကြိမ် တရားဝင် ဆွေးနွေးခြင်းဖြစ်လာမည်။

“တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ ရည်ရွယ်ချက်က ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့နဲ့ ဘုံဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့ ဖြစ်ပါတယ်” ဟု ယူကရိန်းအရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက မတ် ၁၇ ရက်နေ့က မှတ်ချက်ပြုပြောကြားခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်း၍ ဆွေးနွေးညှိနှိုင်းမှုဘက်ခြမ်းနှင့် သမိုင်း၏ မှန်ကန်သောဘက်ခြမ်း၌ အစဉ်အမြဲ ရပ်တည်လျက်ရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here