ရှမ်းပြည်မှမန္တလေးတိုင်းသို့ စစ်ဆေးရေးဂိတ်များအားရှောင်ကွင်းမောင်းနှင်လာသည့်ကား​ပေါ်မှငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိဘိန်းဖြူများအား ဖမ်းဆီးရမိ

0
207

မတ် ၁၄ ရက်မွန်းလွဲပိုင်းကမန္တလေးတိုင်း၊ချမ်းမြသာစည်မြို့နယ်တွင် (၁၆) မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်အား ရှောင်ကွင်းမောင်းနှင်လာသည့် အိမ်စီးကားပေါ်မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊အုန်းချောကျေးရွာ၊(၁၆)မိုင်ပူးပေါင်းစစ် ဆေးရေးဂိတ်အားရှောင်ကွင်း၍ မူးယစ်ဆေးဝါးများအား LANDCRUISER ကားဖြင့်သယ်ဆောင်မည်ဖြစ်ကြောင်းသတင်းအရ ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

မွန်းလွဲ ၂ နာရီခွဲတွင် သတင်းရထားသည့် အိမ်စီးကားအားတွေ့ရှိရသဖြင့် စစ်ဆေးရန်ရပ်တန့်ခိုင်းရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် ပိတ်ဆို့ဖမ်းဆီးရာ နေ့လည် ၃ နာရီခွဲတွင် ချမ်းမြသာစည်မြို့နယ်၊ ၅၈(A)လမ်းနှင့် ၁၁၀ လမ်းထောင့်တွင် ဖမ်းဆီးရမိခဲ့သည်။

ကားပေါ်တွင် တူးလွမ်အား ရှမ်းပြည်နယ်မှမန္တလေးတိုင်းသို့သယ်လာသည့် ငွေကျပ် ၁ ဒသမ ၂၁ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၄၈ ဒသမ ၄ ကီလိုအား ဆာလာအိတ် ၂၂ အိတ်အတွင်းရှိ ဆပ်ပြာခွက် ၄၈၄၀ ခွက်အတွင်းမှဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

စစ်ဆေးချက်အရ ဘိန်းဖြူများအားသယ်ဆောင်လာချိန်တွင် လမ်းတစ်လျှောက်ရှိ ရှာဖွေစစ်ဆေးရေးစခန်းများအားရှောင်ကွင်း၍ သယ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဘိန်းဖြူများနှင့်အတူ ဖမ်းဆီးရမိခဲ့သူအား သက်ဆိုင်ရာရဲစခန်း၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here