OWIC ကဒ်ကို ရန်ကုန်တွင် ယ​နေ့မှစ၍နေ့ချင်းပြီးဆောင်ရွက်ပေးမည်

0
472

ပြည်ပသို့ မိမိအစီအစဉ်ဖြင့် သွားရောက်လုပ်ကိုင်မည့် ကျွမ်းကျင်လုပ်သားများနှင့် ခွင့်ပြန်အလုပ်သမားများအတွက် ပြည်ပအလုပ်အကိုင်လက်မှတ်(OWIC) ကို နေပြည်တော်ရုံးချုပ်သို့ လျှောက်ထားရန် မလိုအပ်တော့ဘဲ ရန်ကုန်တွင် နေ့ချင်းပြီးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အလုပ်သမားညွန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ယင်းသို့ လုပ်ဆောင်ရခြင်းမှာ ပွဲစားများဖြင့် ဆောင်ရွက်မှုများကို ကာကွယ်တားဆီးနိုင်ရေးနှင့် အလုပ် သမားများ အချိန်ကုန်/ငွေကုန်မှုများ သက်သာလျော့နည်းစေရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ပြည်ပအလုပ်အကိုင်လက်မှတ် (OWIC) ခွင့်ပြုထုတ်ပေးရာတွင် OWIC ထုတ်ပေးရေးတာဝန်ခံအရာရှိမှ စိစစ်ပြီး တိုင်းဒေသကြီးတာဝန်ခံအရာရှိထံသို့ တင်ပြ၍ တိုင်းဒေသကြီးတာဝန်ခံအရာရှိ၏ ခွင့်ပြုမိန့်ဖြင့် မရမ်းကုန်းမြို့နယ် ၊ ၈ မိုင်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးသို့ သွားရောက်လျှောက်ထားရမည် ဖြစ်သည်။

OWIC ကဒ်လျှောက်ထားရာတွင် ယခင်သတ်မှတ်ကြေညာထားသည့် စာရွက်စာတမ်းမူရင်း၊ မိတ္တူတစ်စုံတို့ဖြင့် ကိုယ်တိုင်သွားရောက်၍ OWIC လျှောက်ထားထုတ်ယူနိုင်သည်။

အဆိုပါ လျှောက်ထားခွင့်ကို မတ်လ ၂၀ ရက်တွင် စတင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here