မန္တလေးပဲစျေးကွက်အတွင်း မြေပဲဆံစျေးနှုန်းကျဆင်းလာ

0
135

မန္တလေးပဲစျေးကွက်အတွင်း၌ ယခုရက်ပိုင်းအတွင်း မြေပဲဆံဝင်ရောက်မှုများနေသဖြင့် မြေပဲဆံစျေးနှုန်းများကျဆင်းလျက်ရှိသည်ဟု ပဲကုန်သည်များထံမှ သိရသည်။

“မြေပဲဆံထွက်တဲ့အချိန်ဆိုတော့ စျေးကွက်ထဲကို မြေပဲဆံတွေလှိုင်လှိုင်ဝင်လာတော့ စျေးကျသွားတဲ့သဘောပါ။ စားသုံးသူတွေအတွက်ကတော့အများကြီးအဆင်ပြေတာပေါ့”ဟု ပဲကုန်သည်တစ်ဦးကပြောသည်။

မန္တလေးပဲစျေးကွက်အတွင်း၌ မတ်လဆန်းခန့်က မြေပဲဆံ တစ်ပိဿာလျင် ၇၈၀၀ ကျပ်ခန့်ရှိခဲ့ပြီး လက်ရှိအချိန်၌ မြေပဲဆံ တစ်ပိဿာလျင် ၇၀၀၀ ကျပ်ခန့်သာရှိတော့သည် ဟုသိရသည်။

“မြေပဲအနီလုံးဆန်(မြေပဲဆံ)ပေါ့၊အရင်က စျေးနဲ့အခုပေါက်စျေးနဲ့ဆိုရင် ၈၀၀ ကျပ်လောက်ကျသွားတယ်၊ မြေပဲဆံက ပြည်တွင်းမှာစားတဲ့လူများတယ်၊ သူကအမျိုးမျိုးလုပ်စားလို့ရတယ်လေ၊ မန္တလေးကတော့ပိုပြီး မြေပဲဆံအဝယ်များတယ်၊ လက်ဖက်လုပ်ငန်းတွေများတော့ အကြော်အလှော်လည်းရှိနေတာကိုး”ဟု ပဲကုန်သည်တစ်ဦးကပြောသည်။

မြေပဲဆံအား ပြည်တွင်းစျေးကွက်အပြင် ပြည်ပစျေးကွက်အဖြစ် တရုတ်နိုင်ငံသို့လည်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း၊ပင်လယ်ရေကြောင်းတို့မှတဆင့် တင်ပို့လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here