BYD နှင့် Earth Renewable Energy Co.,Ltd တို့မြန်မာနိုင်ငံ၏ပထမဆုံး တရားဝင်ကိုယ်စားလှယ်အဖြစ်လက်မှတ်ရေးထိုး

0
302

Earth Renewable Energy Co., Ltd သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ရှန်ဇန် မြို့ရှိ ၊ BYD Shenzhen Headquarter တွင်ပြုလုပ်သည့် BYD ၏ မြန်မာနိုင်ငံဆိုင်ရာ ပထမဦးဆုံး တရားဝင် ကိုယ်စားလှယ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် တက်ရောက်လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာနိုင်ငံ၏ ပထမဦးဆုံး တရားဝင် BYD Distributor တစ်ဦး ဖြစ်သည့်အတွက် ဝမ်းသာဂုဏ်ယူကြောင်း၊ မြန်မာပြည်၏ လျှပ်စစ်ကား ကဏ္ဍဖွံဖြိုးတိုးတက်ရေးနှင့် မြန်မာပြည်သူများအတွက် ယခုလိုကောင်းမွန်သည့် BYD လျှပ်စစ်ကားများ တင်သွင်းခွင့် ရရှိသည့်အတွက် များစွာဝမ်းမြောက်ကြောင်းနှင့် လာမည့်နှစ်အတွင်း မြန်မာနိုင်ငံတွင် BYD လျှပ်စစ်ကားစက်ရုံတည်ဆောက်ဖွင့်လှစ်ရန် ရည်ရွယ်ထားကြောင်း Earth Renewable Energy Co., Ltd မှ တာဝန်ရှိသူက လက်မှတ်ရေးထိုးပွဲ အခမ်းအနားအပြီးတွင်ပြောကြားခဲ့သည်။

ယင်းနောက် Earth Renewable Energy Co., Ltd ၏ ကိုယ်စားလှယ်အဖွဲ့သည် BYD ၏ ကျွမ်းကျင်အင်ဂျီနီယာများနှင့်လည်းတွေ့ဆုံကာ မြန်မာနိုင်ငံအတွက် လျှပ်စစ်ကား နယ်ပယ်ကို အထောက်အပံ့ဖြစ်စေမည့် နည်းပညာပြခန်းများ၊ အနာဂတ်တွင် ထွက်ရှိလာမည့် အသစ်သစ်သော နည်းပညာမြှင့်ကား များစွာကိုလည်း လေ့လာကြည့်ရှု့ခဲ့ကြသည်။

အနာဂတ်တွင် BYD ၏ နည်းပညာမြှင့် လျှပ်စစ်ကားသစ်များကိုလည်း မြန်မာပြည်သူများနှင့်မိတ်ဆက်ပေးမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here