အမေရိကန် ပုဂ္ဂလိကလုံခြုံရေးဆိုင်ရာ ဝါရင့်ပုဂ္ဂိုလ် မက်သယူးပါကား ယူကရိန်းတွင် လုပ်ငန်းသစ်များရရှိ

0
161

မေရီလန်းတွင် လအတော်ကြာ ငြိမ်နေခဲ့ပြီးနောက် အမေရိကန်အခြေစိုက် ပုဂ္ဂလိကလုံခြုံရေးအဖွဲ့မှ မက်သယူးပါကားသည် ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဥပဒေစိုးမိုးရေးအဖွဲ့တို့အတွက် လွတ်လပ်သော လုံခြုံရေး အကြံပေးအဖြစ် လုပ်ကိုင်ရန် စာချုပ်သစ်များ ပြန်လည်ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။

သူသည် ၂၀၂၂ ခုနှစ်ကလည်း ယူကရိန်းနိုင်ငံသို့ရောက်ရှိခဲ့ကာ နိုင်ငံတကာတပ်ဖွဲ့သစ်တွင် ပါဝင်ခဲ့သေးသည်။

မက်သယူးပါကား(Matthew Parker)သည် နိုင်ငံတော်လုံခြုံရေးနှင့် အကြမ်းဖက်မှု၊ အစွန်းရောက်မှု၊ အိမ်တွင်းအကြမ်းဖက်မှုများနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို သံတမန်ရေးအရ အကာအကွယ်ပေးသည့် အတိုင်ပင်ခံ၊ လေ့ကျင့်ရေးနှင့် အခြားဝန်ဆောင်မှုများကို ပံ့ပိုးပေးသည့် လွတ်လပ်သော လုံခြုံရေးအကြံပေးများအဖွဲ့(Independent Security Advisors – ISA)၏ ပိုင်ရှင်နှင့် CEO ဖြစ်သည်။

သူသည် လုံခြုံရေးဆိုင်ကိစ္စရပ်များအတွက်လည်း နည်းပြတစ်ဦးအဖြစ် အလုပ်လုပ်လျှက်ရှိပြီး၊ မေရီလန်းပြည်နယ်အစိုးရ အသိအမှတ်ပြု ဥပဒေစိုးမိုးရေးဆိုင်ရာနည်းပြတစ်ဦးဖြစ်သလို၊ အမေရိကန်စစ်တပ်တွင်လည်းနည်းပြတစ်ဦးဖြစ်ခဲ့သည်။

မစ္စတာပါကားသည် ၁၉၉၀ခုနှစ်တွင် အမေရိကန်တပ်မတော်သို့ ကင်းထောက်ကျွမ်းကျင်သူတစ်ဦးအဖြစ် ဝင်ရောက်အမှုထမ်းခဲ့ကာ၊ ၁၉၉၃ မှ ၁၉၉၇ ခုနှစ်များအတွင်း အထူးတာဝန်များကို ထမ်းဆောင်ခဲ့ပြီး အီရတ်တွင်လည်း လုံခြုံရေးဆိုင်ရာ တာဝန်များထမ်းဆောင်ခဲ့ဖူးကြောင်း သိရသည်။

Ref: US private security veteran Matthew Parker redeploys to Ukraine


LEAVE A REPLY

Please enter your comment!
Please enter your name here