စားအုန်းဆီရည်ညွှန်းဈေးနှုန်း ၆၅ ကျပ် ကျဆင်းလာ၊ဈေးကွက်တွင်လည်း ​စျေးအနည်းငယ်ကျဆင်းလာ

0
105

ယခုတစ်ပါတ်အတွက် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ ယခင်ပြီးခဲ့သည့်တစ်ပါတ်ထက် ၆၅ ကျပ်ကျဆင်းလာပြီး ပြင်ပဈေးကွက်လည်း ၁၀၀၀ နီးပါးကျဆင်းလာကြောင်း သိရသည်။

ယခုတစ်ပါတ်အတွက် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ မတ်လ ၂၁ ရက်မှ မတ်လ ၂၇ ရက်အထိ တစ်ပိဿာ ၄၅၇၀ ကျပ်သတ်မှတ်ထားကြောင်း၊ ပြီးခဲ့သည့်တစ်ပါတ်တွင် တစ်ပိဿာ ၄၆၃၅ ကျပ်ဖြစ်ပြီး ယခင်ထက် ၆၅ ကျပ် ကျဆင်းလာခြင်းဖြစ်သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။

ပြင်ပဈေးကွက်အတွင်း ပြီးခဲ့သည့်တစ်ပါတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် ၈၀၀၀ ကျော်အထိ​စျေးရှိပြီး ယခုတွင် တစ်ပိဿာ ကျပ် ၇၀၀၀ ဝန်းကျင်ဖြစ်လာကြောင်း ရောင်းချသူများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here