ဆန်စက်သမား​တွေသုံးလာ​နေသည့် ဓါတ်​ငွေ့ထုတ်စနစ်

0
403

Gasification သည် စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းများကို ဓာတုဓာတ်ငွေ့အဖြစ်သို့ ပြောင်းလဲပေးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။

ထိုနည်းဖြင့် အမှိုက်အမျိုးအစားအမျိုးမျိုးကို စွန့်ပစ်​လောင်ကျွမ်းခြင်းသည် သဘာဝပတ်ဝန်းကျင်အတွက် ဘေးကင်းပြီး ထိရောက်သည့်နည်းလမ်းတစ်ခုလည်းဖြစ်သည်။

ဓာတ်ငွေ့ထုတ်ရန်အတွက် အသုံးပြု​သော ဇီဝလောင်စာများတွင် မီးသွေး၊ ထင်းနှင့် ထင်းစွန့်ပစ်ပစ္စည်းများ (သစ်ကိုင်းများ၊ အကိုင်းအခက်များ၊ အမြစ်များ၊ အခေါက်များ၊ သစ်ခွများနှင့် လွှစာ) အပါအဝင် စိုက်ပျိုးရေးအကြွင်းအကျန်များစွာ (ပြောင်းဖူး၊ အုန်းခွံ၊ အုန်းခွံ၊ကောက်ရိုး၊ရိုးပြတ်၊ စပါးခွံစသည်ဖြင့်) ပါဝင်သည်။ သမားရိုးကျ မီးရှို့ခြင်းထက် ပိုမိုစိတ်ချရ​သော ​ပေါင်းစပ် ဓါတ်​ငွေ့ထုတ်နည်းဖြစ်သဖြင့် အသုံးပြုလာ​နေကြသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးနှင့် ဖျာပုံခရိုင်အတွင်းရှိ (ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး) မြို့နယ်များတွင် Gasifire အသုံးပြုသော ဆန်စက်လုပ်ငန်းရှင်များသည် မတ် ၁၈ရက် ညနေပိုင်းကဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌တွေ့ဆုံကြသည်။

တိုင်းဦးစီးမှူးများက Gasifire အသုံးပြု၍ ဆန်စက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အားနည်းချက်၊ အားသာချက်များ၊ Gasifire မှ ထွက်ရှိသော စွန့်ပစ်ရေဆိုးများနှင့် ပတ်သက်၍ ရေဆိုးများကိုသန့်ရှင်းသော ရေအဖြစ်အသုံးပြုရာ၌ လိုအပ်သောရေစစ်ကန်ကို အဆင့်သုံးဆင့်ဖြင့်ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းဆွေးနွေးကြသည်။

Gasifire အသုံးပြု​သောဆန်စက်လုပ်ငန်းရှင်များကလည်း သိရှိလိုသည်များအားမေးမြန်းကြရာ ကဏ္ဍအလိုက်ပြန်လည် ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here