အထည်ချုပ်ကဏ္ဍမှ ကုမ္ပဏီနှစ်ခုကထွက်ခွာရန် ပြင်ဆင်နေ

0
310

မတ်လ ၁၉ ရက်တွင် ပြုလုပ်သော မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း သတ္တမအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးတွင် ဒေါ်ခိုင်ခိုင်နွယ်ကမြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍမှ Brand ကုမ္ပဏီနှစ်ခုထွက်ခွာရန် ပြင်ဆင်နေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြင်ပမှ ဝေဖန်နေမှုများကြောင့် တာဝန်ရှိသော ထွက်ခွာမှုဟုဆိုကာ မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍမှ Brand ကုမ္ပဏီနှစ်ခု ထွက်ခွာရန်ပြင်ဆင်နေခြင်းဖြစ်ပြီး ၎င်းကို မှီခိုနေသည့် အလုပ်ပြုတ်သွားမည့် အလုပ်သမားတွေအတွက် မည်သို့တာဝန်ယူမည်နည်းဟု ဒါ်ခိုင်ခိုင်နွယ်က အစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ကျွန်မတို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းကို ပြင်ပကနေ ဝေဖန်နေကြပြီးတော့မှ သူတို့အနေနဲ့ ဒီကနေဝယ်သူတွေထွက်ခွာဖို့အတွက်ကို တောင်းဆိုနေတာတွေရှိတယ်၊ ဒါကြောင့်မို့ သူတို့သုံးတဲ့အသုံးအနှုန်းက တာဝန်ရှိသော ထွက်ခွာမှုလို့ သူတို့ပြောတာရှိပါတယ်၊ တာဝန်ရှိသော ထွက်ခွာမှုလို့ သူတို့ပြောပြီးတော့မှ Brand နှစ်ခုက ထွက်ခွာဖို့ပြင်နေပြီ၊ ဒါပေမဲ့ တာဝန်ယူသော ထွက်ခွာမှုဆိုရင် သူတို့ဘာတွေလုပ်ပေးသလဲဆိုတဲ့ ​မေးခွန်းတွေပြန်မေးဖို့ပေါ့၊ သူတို့ဘာတာဝန်ယူပေးလဲ၊ တာဝန်တကယ်ယူချင်တယ်ဆို အလုပ်သမား​တွေဘဝ​ရှေ့​ရေးအတွက် အလုပ်ဆက်ရှိ​နေဖို့ ဘယ်လိုပူး​ပေါင်း​ဆောင်ရွက်​ပေးမလဲ ​မေးချင်ပါတယ်။သူတို့အနေနဲ့ ဒီအလုပ်သမားတွေရှေ့ရေးကို ကြည့်ပြီးတော့မှ တာဝန်ယူချင်တယ်ဆိုရင် အတူတူ အော်ဒါဆက်ပေးပြီးတော့မှ အလုပ်ဆက်ပေးသွားဖို့ပေါ့” ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

မြန်မာနိုင်ငံ၏အထည်ချုပ်လုပ်ငန်းများသည် ပြည်ပမှ အထည်လိပ်ကုန်ကြမ်းများ တင်သွင်းပြီး ပြည်တွင်းအထည်ချုပ်စက်ရုံများ၌ ပြန်လည်ထုတ်လုပ်သည့် လုပ်ငန်းအမျိုးအစား (CMP) စနစ်ဖြင့်သာ ဆောင်ရွက်နေကြောင်း၊ လက်ရှိတွင် အလုပ်သမားဦးရေ လေးသိန်းခွဲကျော်ကို အလုပ်အကိုင်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍတွင်တရုတ်၊တောင်ကိုးရီးယားနှင့်ဂျပန်နိုင်ငံတို့မှ အများဆုံး ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားပြီး ပြည်ပဝင်ငွေတွင် စက်မှုကုန်ချောများ ထုတ်လုပ်တင်ပို့မှုမှရရှိသော ဝင်ငွေပမာဏမှာ အများဆုံးဖြစ်ကြောင်း ၊ လုပ်ငန်းအများစုမှာ Contracted Manufacturing Product-CMP ခေါ် ကုန်ကြမ်းလက်ခံ၊ ကုန်ချောထုတ်လုပ်ပေးပြီး လက်ခစားရယူသည့် လုပ်ငန်းများဖြစ်ကာ အထည်ချုပ်လုပ်ငန်း၊ ရှူးဖိနပ်လုပ်ငန်း၊ ခရီးဆောင်အိတ်လုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း စသည်တို့ ပါဝင်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here